Pages

Thursday, October 31, 2013

နေပြည်တော်သို့ တိုက်ရိုက် ပျံသန်းနေသော ထိုင်းလေကြောင်းလိုင်း နှစ်ခုမှ ပျံသန်းအကြိမ်ရေ တိုးမြှင့်မည်


Thai Air Asia လေကြောင်းလိုင်း

ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ကာလအတွင်း နေပြည်တော် သို့ တိုက်ရိုက် ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်မှုကို ထိုင်းလေကြောင်း လိုင်းနှစ်ခု ဆောင်ရွက်လျက် ရှိကြောင်း
မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဗန်ကောက် - နေပြည်တော် တိုက်ရိုက် ခရီးစဉ် တိုးမြှင့် ပျံသန်းမည့် ထိုင်းလေကြောင်း လိုင်းနှစ်ခုမှာ Bangkok Airways နှင့် Thai Air Asia တို့ ဖြစ်ကြောင်း ၊ Bangkok Airways လေကြောင်းလိုင်း အနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ခရီးစဉ် တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲ နေရာမှ ခုနှစ်ကြိမ် အထိ တိုးမြှင့် ပျံသန်း ပေးဆွဲမည် ဖြစ်ကြောင်း ၊ အလားတူ Thai Air Aisa လေကြောင်းလိုင်း မှာလည်း နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ခုနစ်ကြိမ် တိုးမြှင့် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်း တိုက်ရိုက် ပြေးဆွဲရန် စင်ကာပူ နှင့် မလေးရှား လေကြောင်းလိုင်း များက အဆို တင်သွင်းမှု များလည်း ရှိလာကြောင်း ၊ ပြည်တွင်း ခရီးစဉ်များ အတွက်မူ FMI နှင့် APEX လေကြောင်း များမှ ပြေးဆွဲ ပျံသန်းရန် အဆို တင်သွင်း ထားကြောင်း ၊ ယင်းအတွက် နေပြည်တော် သို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ်နှင့် ပြည်ပ ခရီးစဉ်လိုင်း များအား မြန်မာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စိစစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment