Pages

Thursday, October 31, 2013

အဲယားကွန်း မြို့ပတ်ရထား ပြီးနောက် ငွေကျပ် ၃၀၀ ဖြင့် စီးနိုင်မည့် မြို့ပတ် အထူးရထား ထပ်မံ တိုးချဲ့ပြေးဆွဲမည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

ခရီးသည် တစ်ဦးလျှင် ခရီးစဉ် တစ်ကြောင်း အတွက် စီးနင်းခ ငွေကျပ် ၃၀၀ ဖြင့် ရန်ကုန်မြို့ပတ် အထူးရထား တစ်စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထား ခရီးစဉ် များတွင် လေအေးပေးစက် ပါ ငွေကျပ် ၄၀၀ တန် အထူးရထား ပြေးဆွဲပြီးနောက် ထပ်မံ၍ ရထားစီး ခရီးသွား ပြည်သူများ အတွက် လေအေး ပေးစက် မပါဝင် သော်လည်း ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံများ အပါအ၀င် အဆင့်မြင့် ရထားတွဲဆိုင်း များ ပါဝင်သော ငွေကျပ် ၃၀၀ တန် မြို့ပတ် အထူးရထား တစ်စင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

" မြို့ပတ်ရထား ခရီးစဉ်မှာ အဲယားကွန်း အထူးရထား က အရှုံးပေါ် နေပေမယ့်လို့ ခရီးသွား ပြည်သူတွေ အဆင်ပြေ စေဖို့အတွက် ပြေးဆွဲပေး နေပါတယ် ၊ အခုလည်း ငွေကျပ် ၃၀၀ တန် အထူးရထား ကို ပြေးဆွဲ ပေးမှာပါ ၊ ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံတွေနဲ့ လက်ကိုင်တန်း တွေလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ထားပါတယ် ၊ မြစ်ငယ် စက်ရုံက ထုတ်လုပ် လိုက်တဲ့ တွဲဆိုင်း အသစ်တွေနဲ့ ပြေးဆွဲ ပေးသွား မှာပါ ၊ စက်ရုံကနေ စက်ခေါင်းကို မဆောင်ရွက် နိုင်ပေမယ့် လူစီးတွဲတွေ ထုတ်လုပ်ပြီး ခရီးစဉ် တွေမှာ တိုးချဲ့ ပြေးဆွဲ သွားမှာပါ ၊ နောက်ပိုင်း ရန်ကုန် မြို့ပတ်ရထား ခရီးစဉ် တွေမှာ တွဲဆိုင်း အသစ်တွေ ထပ်မံ တိုးချဲ့ တပ်ဆင်ပြီး ပြေးဆွဲ သွားမှာပါ ... .. " ဟု မြန်မာ့ မီးရထား ( အောက်မြန်မာပြန် ) မှ တာဝန်ရှိ သူ တစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားသည်။

လေအေးပေးစက် မပါသော အဆိုပါ အထူးရထား ကို နေ့စဉ် တစ်ရက် ၄ ခေါက်နှုန်းဖြင့် ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် များအတွက် စီးနင်းခ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြစ်ကြောင်း ၊ မြို့ပတ်ရထား ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည် ဖြစ်ပြီး ဘူတာများ တွင် လက်မှတ် ၀ယ်ယူ စီးနင်းနိုင်ကြောင်း သိရသည်။ အဆိုပါ အထူးရထား သည် ရပ်စီး ခရီးသည်များ အဆင်ပြေ စေရန် လက်ကိုင်တန်း ၊ လက်ကိုင်ကွင်း များ ထားရှိ ပေးထား သော်လည်း ကုန်စည် တင်ဆောင်မှု များကို ခွင့်မပြု ထားသော လူစီး သီးသန့် မြို့ပတ် အထူးရထား ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရှိရသည်။


No comments:

Post a Comment