Pages

Thursday, October 31, 2013

တန်ဖိုးနည်း ပြည်တွင်းဖြစ် ရေသန့်ဘူးအိတ်များ ပြုလုပ် ရောင်းချမှုများလာ



မန္တလေး ၊ ၃၁-၁၀-၂၀၁၃

ဖွံ့ဖြိုး တိုးတက်လာသော ပွင့်လင်းမြင်သာ သည့် ခေတ်တွင် မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၀င်ရောက်မှု များပြား လာခဲ့သည်။ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကို ပြည်တွင်ဖြစ် အနုပညာ ပစ္စည်းများ ၊ အမှတ်တရ ပစ္စည်းများ ရောင်းချကာ နိုင်ငံခြား ၀င်ငွေ ရရှိအောင် ကြံဆ ဆောင်ရွက် လာကြသည်။

ထိုသို့သော ကြံဆ ဆောင်ရွက်မှု များထဲတွင် အမျိုးသမီးဝတ် အထည်များကို ထမီ မ၀တ်တတ်သည့် နိုင်ငံခြားသူ များ ၀ယ်ယူ ၀တ်ဆင် နိုင်ရန် ရည်ရွယ် ထုတ်လုပ် ကြသည်။ ထိုသို့ လှပသော ပြည်တွင်းဖြစ် ချည်ထည် အဆင်များကို နိုင်ငံခြားသား ခရီးသွားများ အမှတ်တရ ၀ယ်ယူ ကြကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံ အနှံ့အပြား ရှိ တန်ခိုးကြီး ဘုရားများ ၊ သမိုင်းဝင် နေရာများတွင် ဒေသရောက် အမှတ်တရ တီရှပ်များကို တံဆိပ်ရိုက်၍ အမှတ်တရ အဖြစ် ရောင်းချ လာခဲ့ကြသည်။ ပြည်တွင်း ပြည်ပမှ ဧည့်သည်များ ၀ယ်ယူမှု များပြား လာခြင်းနှင့် အတူ တန်ဖိုးနည်း အမှတ်တရ ပစ္စည်းများကို အပြိုင်အဆိုင် ပြုလုပ် ရောင်းချ လာကြကြောင်း သိရသည်။


ယနေ့ ရေသန့်ဘူး ခေတ်တွင် ရေသန့်ဘူး တစ်ဘူး ၀င်ဆံ့သည့် ရေဘူးအိတ်များ မှာ ခေတ်နှင့် လျော်ညီပြီး အမှတ်တရ ပစ္စည်း တစ်ခုအဖြစ် ရောင်းအားကောင်း လျက် ရှိသည်။ ထို ရေသန့်ဘူးအိတ် များကို (ပုံ) ပြည်တွင်း ပြည်ပ မှ ခရီးသွားများ ခရီးသွားလာ လည်ပတ် သည့်အခါတွင် ရေသန့်ဘူးကို သီးသန့် ကိုင်ထားစရာ မလိုဘဲ ကိုယ်နှင့်အတူ လွယ်ထားနိုင်၍ ဒေသထွက် အမှတ်တရ အဖြစ် ဧည့်သည်များ ၀ယ်ယူ အသုံးပြု ကြသည်ကို တွေ့ရှိရသည်။

No comments:

Post a Comment