Pages

Wednesday, October 2, 2013

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနား ကျင်းပ



မြစ်ကြီးနား ၊ ၂-၁၀-၂၀၁၃

မြစ်ကြီးနားမြို့ မြို့တော်ခန်းမ ၌ အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ရာ မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက် မှ အသက် (၁ဝ၆)နှစ်ရှိ အဖိုး ဦးမရိုတန် နှင့် အသက်(၉ဝ) နှစ် အထက် အဖိုး အဖွား (၆၆)ဦး ၊ မြစ်ကြီးနား တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အေးကို ၊ ပြည်နယ် ပညာရေးမှူး ဦးထူမြင့် နှင့် ပြည်နယ် / ခရိုင် / မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ပြည်နယ်/ ခရိုင် / မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့ ဝင်များ ၊ တာဝန်ရှိသူများ ၊ အင်အား (၅ဝဝ)ကျော် တက်ရောက်ကာ တက်ရောက် လာသူများက သက်ကြီး ဖိုးဖွား များအား သြကာသ ကန်တော့ချိုးဖြင့် အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။


ထို့နောက် အဖိုးအဖွားများ ကိုယ်စား အငြိမ်းစား ကျောင်းအုပ် ဆရာကြီး ဦးတင်ဖေက ယခုကဲ့သို့ အဖိုးအဖွား များအား ပူဇော် ကန်တော့ပွဲ ကျင်းပ ပြုလုပ်ခြင်းမှာ မင်္ဂလာ တရားတော်မြတ် နှင့်ညီ၍ ကောင်းမြတ် မင်္ဂလာဖြစ်ကြောင်း ပြောကြားကာ ဆုမွန်ကောင်း များ ချီးမြှင့်၍ တက်ရောက်လာ သူများက ပြည်နယ် အစိုးရမှ လှူဒါန်းသည့် ငွေနှင့် လူမှုရေး အသင်းအဖွဲ့များမှ လှူဒါန်းသည့်ငွေ ၊ အာဟာရပြည့် အစားအစာ တို့ကို ဂါဝရပြု ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment