Pages

Wednesday, October 2, 2013

ချောင်းဖြူချောင်း အတွင်း ဗုံးသီးဟောင်း တွေ့ရှိ





တောင်ငူ ၊ ၂-၁၀-၂၀၁၃

ပဲခူးတိုင်း ဒေသကြီး ၊ တောင်ငူမြို့နယ် ၊ ရွာသစ် ကျေးရွာနေ ဦးအောင်ဘို သည် စက်တင်ဘာ ၃ဝ ရက် ညနေ ၃ နာရီ အချိန် ခန့်က ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၅၄) အနောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ လယ်မြေပေါ်တွင် ချောင်းဖြူချောင်း အတွင်း သဲစုပ်ရာမှ အလျား (၁၆)လက်မ လုံးပတ် (၁၆)လက်မ ခွဲခန့်ရှိ ပေါင်(၄ဝ)ရှိ လေယာဉ်ချ ဗုံးသီး (၂)လုံး အား တွေ့ရှိကြောင်း သတင်းပေးပို့ လာသဖြင့် နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း မှ အန္တရာယ် ကင်းစွာ ဖယ်ရှား ရှင်းလင်း နိုင်ခဲ့ပြီး စနစ်တကျ သိမ်းဆည်း ထားရှိ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment