Pages

Tuesday, October 1, 2013

နိုင်ငံခြား ဈေးကွက်ဝင် လျော်ဖြူပင် တန့်ဆည်မြို့နယ် တွင် ဧက ၅၀၀ ကျော် စိုက်ပျိုးလျက်ရှိ



မုံရွာ ၊ ၁-၁၀-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ၊ တန့်ဆည် မြို့နယ်တွင် နိုင်ငံခြား ဈေးကွက်ဝင် လျော်ဖြူပင် များကို စီးပွားဖြစ် စိုက်ပျိုးလျက် ရှိရာ အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ထိုသို့နိုင်ငံခြား ဈေးကွက်ဝင် လျော်ဖြူပင် စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး တန့်ဆည် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက် မြို့နယ် ဦးစီးမှူး ဦးမြတ်ကျော်က '' လျော်ဖြူပင်က မြန်မာနိုင်ငံမှာ စိုက်တာ ကြာပါပြီး ဟိုတုန်း ကတော့ ဆေးကုလားမ အဖြစ် သုံးကြပါတယ် ၊ အခုတော့ နိုင်ငံခြား ပို့ကုန် အမယ်သစ် အဖြစ် စီးပွားဖြစ် စိုက်ပျိုး လာကြကြောင်း ၊ လျော်ဖြူပင် မှအစေးအား ကျောက်ကျော ၊ ဂျယ်လီ ၊ ပီကေ ၊ အလှကုန် ပစ္စည်း အမျိုးမျိုး နှင့် ဆေးဝါးများ တွင် အသုံးပြုရန် အတွက် ဖြစ်ကြောင်း .. .. '' ပြောကြား သည်။

လျော်ဖြူပင်၏ အသုံးဝင်ပုံ နှင့် ပတ်သက်ပြီး ၄င်းက '' လျော်ဖြူပင်က အစေးထုတ် ရန်အပြင် အသီးကို ပြန်ပြီး စိုက်ပျိုးလို့ ရသလို အရွက်ကို ကျွဲ ၊ နွားများ စားသုံးကြောင်း ၊ အကိုင်းများ ကိုလည်း လျော်အဖြစ် ထုတ်ယူ အသုံးပြု နိုင်ကြောင်း ၊ အပင်များ အသက်အရွယ် ကြီးရင့် လာပါက ခုတ်လှဲပြီး ပင်စည်အား ခွဲခြမ်းပြီး အိမ်အသုံး အဆောင် ပစ္စည်းများ ထုတ်လုပ်ရန် သစ်အဖြစ် အသုံးပြု နိုင်ကြောင်း .. .. '' ၄င်းက ဆက်လက် ပြောကြား သည်။

'' လျော်ဖြူပင်က အညာဒေသ မှာပေါက်လေ့ ရှိသော တောမှို့ပင် နှင့် ဆင်တူကြောင်း ၊ လျော်ဖြူပင် ၏ အရွက်တွင် အမွှေးများ ပါရှိကြောင်း ၊ လျော်ဖြူပင်များ တစ်ပိုင်တစ်နိုင် ဖြစ်စေ ၊ စီးပွားဖြစ် ဖြစ်စေ စိုက်ပျိုးလိုကပျိုးပင်များ ၄င်းထံတွင် ရှိကြောင်း ၊ နည်းပညာ အကူအညီ များလည်း ပေးကြောင်း .. .. '' ပြောကြား ခဲ့သည်။


နိုင်ငံခြား ဈေးကွက်ဝင် အမယ်သစ် လျော်ဖြူပင် စိုက်ပျိုးခြင်း သည် တန့်ဆည် မြို့နယ်တစ်ဝိုက် တွင် များပြား လာကြောင်း ၊ ယခုဆိုလျင် ဧက(၅ဝဝ) ကျော်ခန့် ရှိကြောင်း ၊ နိုင်ငံခြား ဈေးကွက် ဝင်သော အပင်မျိုးဖြစ်သဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း ဖြစ်စေ ၊ စီးပွားဖြစ် ဖြစ်စေ စိုက်ပျိုး သင့်သော လုပ်ငန်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment