Pages

Tuesday, October 29, 2013

မြန်မာ - ဂျပန် ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာာ သင်တန်းဖွင့်မည်


ရန်ကုန် ၊ ၂၉-၁၀-၂၀၁၃

မြန်မာ - ဂျပန် ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း GLORY Career Training Centre ( GCTC ) သင်တန်းကျောင်း မှ သိရသည်။

အဆိုပါ သင်တန်းကို မြန်မာ နိုင်ငံရှိ GLORY Career Training Centre ( GCTC ) နှင့် ဂျပန်နိုင်ငံ ရှိ Okayama Institute of Science and Technology ( OIST ) တို့ ပူးပေါင်း ဖွင့်လှစ် သွားမည် ဖြစ်သည်။

ယင်း သင်တန်းတွင် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ မူဝါဒများ ဖြေလျှော့ခြင်း နှင့် မော်ဒယ်လ်မြင့် မော်တော်ယာဉ် များအတွက် နည်းပညာ ပိုင်းဆိုင်ရာ များကို သင်ကြား ပို့ချ သွားမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသည် မြန်မာ နိုင်ငံတွင် လိုအပ်လျက် ရှိသည့် မော်တော်ယာဉ် ပြုပြင်ခြင်း ဆိုင်ရာ ကျွမ်းကျင် လုပ်သားများ ထွက်ပေါ် လာရေးကို ဖြည့်ဆည်း ပေးနိုင်မည့် သင်တန်း ဖြစ်ပြီး ယင်း သင်တန်း ပြီးဆုံးပါက ဂျပန် နိုင်ငံရှိ OIST ကျောင်းတွင် ဘွဲ့ရသည် အထိ ဆက်လက် တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။


ယင်း သင်တန်းသို့ တက်ရောက် လိုသူများ အနေဖြင့် အနိမ့်ဆုံး ပညာ အရည်အချင်း မှာ တက္ကသိုလ် ၀င်တန်း အောင်မြင် ရမည် ဖြစ်သည်။ သင်တန်း ကာလမှာ တစ်နှစ် ကြာမြင့်မည် ဖြစ်ကြောင်း နှင့် သင်တန်းသား ဦးရေ ၂၅ ဦးမှ  ၅၀ ဦးအထိ သက်မှတ် ထားကာ သင်တန်းကြေး ကို မကြာမီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment