Pages

Sunday, September 8, 2013

Face of Myanmar semi-final ရွေးချယ်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၈-၉-၂၀၁၃

Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် Face of Myanmar semi-final ရွေးချယ်ပွဲကို လာမည့် စက်တင်ဘာလ ၂၂ ရက်တွင် Junction Square ၌ ကျင်းပ သွားမည် ဖြစ်ပြီး ဆန်ခါတင် ပြိုင်ပွဲဝင် အယောက် ၅၀ တို့မှ ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကိုရီးယား နိုင်ငံမှ Korea Model Association, Aqua Land ကုမ္ပဏီနှင့် Myanmar Model Management တို့မှ ပူးပေါင်း စီစဉ် ကျင်းပခြင်း ဖြစ်ပြီး ယင်း ဆီမီးဖိုင်နယ် ပွဲမှ ပြိုင်ပွဲဝင် အယောက် ၃၀ ဦးကို ထပ်မံ ရွေးချယ် သွားမည် ဖြစ်သည်။

နောက်ဆုံး အဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့ Stand Hotel ၌ ကျင်းပသွားရန် စီစဉ်ထားပြီး ယင်းပြိုင်ပွဲတွင် အရွေးချယ် ခံရသူ ၄ ဦး အနေဖြင့် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ တွင် ကျင်းပမည့် Asia New Star Model Contest 2014 ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် ရကြမည် ဖြစ်ကြောင်း သိရသည်။


နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ရွေးချယ်ခံ ရသူ ၄ ဦးကို ကိုရီးယား နိုင်ငံ၌ သွားရောက် ယှဉ်ပြိုင်ရန် အတွက် ကြိုတင် ပြင်ဆင် ပေးမှုများ ပြုလုပ်ပေးမည့် အပြင် မော်ဒယ်လ် တစ်ယောက် နေထိုင်မှု ပုံစံ ၊ လူမှု ဆက်ဆံရေး အစရှိ သည်တို့ကို စခန်းသွင်း သင်တန်း ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း Myanmar Model Management မှ သိရှိရသည်။

No comments:

Post a Comment