Pages

Sunday, September 8, 2013

၂၂ ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော် ပြသမည်


ရန်ကုန် ၊ ၈-၉-၂၀၁၃

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး မှ ဦးဆောင် ကျင်းပပေးမည့် ဥရောပ ရုပ်ရှင် ပွဲတော် ကို ဆူးလေဘုရား လမ်းရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် အခမဲ့ ပြသပေးမည် ဖြစ်ရာ ချက်နိုင်ငံ ၊ ပြင်သစ် ၊ ဂျာမနီ ၊ ဗြိတိန် ၊ အစ္စရေး ၊ ပိုလန် နှင့် ဆွစ်ဇာလန် နိုင်ငံတို့မှ ရုပ်ရှင် ဇာတ်ကား ၂၁ ကားကို အင်္ဂလိပ် စာတန်းထိုးဖြင့် ယခု စက်တင်ဘာလ ၁၂ ရက်မှ ၂၂ ရက်အထိ ဆက်တိုက် ကြည့်ရှု ခံစား နိုင်ကြမည် ဖြစ်သည်။ စက်တင်ဘာလ ၁၂ ရက်၌ စတင် ပြသသည့် နေ့မှအပ ညနေ ၃ နာရီ ၃ဝ မိနစ်နှင့် ညနေ ၆ နာရီ ၃ဝ မိနစ်တွင် တစ်နေ့နှစ်ပွဲ ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

ပြသပေးမည့် ဇာတ်ကားများ အနက် တစ်ချို့ကို နမူနာအဖြစ် ဇာတ်လမ်းများကို တင်ပြပေး လိုက်ပါသည်။

BARBARA ဇာတ်ကားသည် အရှေ့ ဂျာမနီ နွေရာသီကို ဇာတ်အိမ်ဖွဲ့ ထားသည်။ ဘာလင်မှ ဆရာမ ဘာဘရာ အား ဖမ်းဆီးပြီး ပြည်နယ် ဆေးရုံသို့ တာဝန်ချထား ပေးလိုက်ရာ သူမသည် လွတ်မြောက်ရန် အခွင့်အရေးကို စောင့်ကြည့် နေခဲ့သည်။ ထိုစဉ်မှာပင် လုပ်ဖော်ကိုင်ဖက် ဆရာဝန် တစ်ဦးနှင့် တွေ့ပြီး သူမ၏ ရည်မှန်းချက်များ ကို အကောင် အထည်ဖော် တော့မည် ဖြစ်သည်။ ဤဇာတ်ကားမှာ အကောင်းဆုံး
ဒါရိုက်တာဆု ၊ ရုပ်ရှင်ဆုများ ရရှိထားသည်။

A Wonderful Summer ၏ ဇာတ်ကားကို မှော်ပညာ ဆန်ဆန်ဖြင့် ဇာတ်လမ်း ဖွဲ့ထားသည်။ အသက် ၁၈ နှစ် သမီး ကစ်ကော့ သည် တမလွန် ဘ၀ရောက် နေသည့် မိခင်နှင့် ဆက်သွယ် နိုင်သူ ဖြစ်သည်။ မိခင်၏ ၀ိညာဉ် သည် အနားမယူ နိုင်သေးဘဲ သမီးအား အိမ်ထောင်ဖက် ကောင်းကောင်းနှင့် တွေ့ရန် စောင့်ဆိုင်း နေဆဲပင်ရှိနေ သေးသည်။ ဇာတ်လမ်းမှာ ထူးခြားပြီး စိတ်ဝင်စား ဖွယ်ရာ အဆုံးသတ် ကောင်းမွန် ပေသည်။

Something Sweet  ဇာတ်ကားသည် အလွမ်းအဆွေး များဖြင့် ပျော်ရွှင်စရာ ဇာတ်လမ်းဆင် ထားသည်။ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင် အစ္စရေး နိုင်ငံတွင် ညီအစ်မသုံး ဖော်၏ အစ်မအကြီးဆုံး တမ်မ ၏ ဘဝဇာတ်ကြောင်း ဖြစ်သည်။ အလယ်မှ ညီမက အိမ်ထောင်ပြုမည် ဖြစ်ပြီး အငယ်ဆုံးလေး ကလည်း လက်ထပ်မည့် သူရှိနေပြီ ဖြစ်၍ အကြီးဆုံး အစ်မအတွက် ဖိအားများ မြင့်တက် လာခဲ့သော်လည်း နောက်ဆုံးတွင် ချစ်သူ တွေ့ရှိလာ သောအခါ ရှုပ်ထွေးမှုများ စတင်လာ တော့သည်။ ဥရောပ ရုပ်ရှင် ပွဲတော်တွင် ကြည့်ရှု ခံစားလို သူများအတွက် ရုပ်ရှင်ပြသမည့် ရက်စွဲ၊ အချိန်ဇယားကိုပါ ဖော်ပြပေး လိုက်ပါသည်။

၁၂-၉-၂၀၁၃ (ကြသပတေးနေ့)
ညနေ ၆ နာရီခွဲ ၊ ပြစ်သစ် The Snow of the Kilimanjaro

၁၃-၉-၂၀၁၃ (သောကြာနေ့)
ညနေ ၃ နာရီခွဲ ၊ ဂျာမနီ Babara
ညနေ ၆ နာရီခွဲ ၊ ချက် Leaving

၁၄-၉-၂၀၁၃ (စနေနေ့)
ညနေ ၃ နာရီခွဲ ၊ ဆွစ်ဇာလန် More Than Honey
ညနေ ၆ နာရီခွဲ ၊ ဗြိတိန် You've been Trumped

၁၅-၉-၂၀၁၃ ( တနင်္ဂနွေနေ့ )
ညနေ ၃ နာရီခွဲ ၊ ပိုလန် A Wonderful Summer
ညနေ ၆ နာရီခွဲ ၊ အစ္စရေး Something Sweet

၁၆-၉-၂၀၁၃ ( တနင်္လာနေ့ )
ညနေ ၃ နာရီခွဲ ၊ ဆွစ်ဇာလန် Hoselupf
ညနေ ၆ နာရီခွဲ ၊ ဗြိတိန် Quartet

၁၇-၉-၂၀၁၃ (အင်္ဂါနေ့)
ညနေ ၃ နာရီခွဲ ၊ ချက် Leaving
ညနေ ၆ နာရီခွဲ ၊ ဂျာမနီ Whisky Mit Wodka

၁၈-၉-၂၀၁၃ (ဗုဒ္ဓဟူးနေ့)
ညနေ ၃ နာရီခွဲ ၊ အစ္စရေး Something Sweet
ညနေ ၆ နာရီခွဲ ၊ ပြင်သစ် The Illusionist

၁၉-၉-၂၀၁၃ ( ကြာသပတေးနေ့ )
ညနေ ၃ နာရီခွဲ ၊ ဗြိတိန် You've been Trumped
ညနေ ၆ နာရီခွဲ ၊ ဆွစ်ဇာလန် More Than Honey

၂၀-၉-၂၀၁၃ (သောကြာနေ့)
ညနေ ၃ နာရီခွဲ ၊ ဂျာမနီ Whisky Mit Wodka
ညနေ ၆ နာရီခွဲ ၊ ပိုလန် A Wonderful Summer

၂၁-၉-၂၀၁၃ (စနေနေ့)
ညနေ ၃ နာရီခွဲ ၊ ဗြိတိန် Quartet
ညနေ ၆ နာရီခွဲ ၊ ဂျာမနီ Babara

၂၂-၉-၂၀၁၃ ( တနင်္ဂနွေနေ့ )
ညနေ ၃ နာရီခွဲ ၊ ပြင်သစ် The Illusionist

ညနေ ၆ နာရီခွဲ ၊ ဆွစ်ဇာလန် Hoselupf

No comments:

Post a Comment