Pages

Wednesday, September 25, 2013

ငါးဖမ်းစက်လှေတစ်စင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၅-၉-၂၀၁၃

တပ်မတော် (ရေ) မှ စစ်ရေယာဉ် သည် စက်တင်ဘာလ ၂၁ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က ပင်လယ်ပြင် စိုးမိုးရေး နှင့် လုံခြုံရေး ဆောင်ရွက် နေစဉ် မသင်္ကာဖွယ်ရာ လှေနှစ်စင်း အား တွေ့ရှိ၍ သွားရောက် စစ်ဆေးရာ မောင်းနှင် ထွက်ပြေး သဖြင့် လိုက်လံ ပစ်ခတ် ဖမ်းဆီး ခဲ့သည်။ ထိုသို့ ဖမ်းဆီးစဉ် အလျား ၆၅ ပေ ၊ အနံ ၂၁ ပေ ၊ ရေစူး ၇ ပေခန့်ရှိ ၆ လုံးထိုး သစ်သား ကိုယ်ထည်ဖြင့် ပြုလုပ် ထားသည့် ငါးခိုး ၀ါးလတ်လှေ တစ်စင်းအား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး သတင်းအရ ဆက်လက် စုံစမ်း စစ်ဆေး ရှာဖွေရာ ၄င်း လှေပိုင်ရှင်မှာ ရနောင်းမြို့ နေ ရနောင်း ငါးလုပ်ငန်း အသင်း ဥက္ကဋ္ဌ ဆွန်ကရိချောင်ထောင် (ခ) နိုင်လွတ် ဆိုသူ ဖြစ်ကြောင်း နှင့် လှေအတွင်း ဘုရင်းစင် အောက်ရှိ နံရံအတွင်းမှ US Rifle Spring Field Armory Point 30 Caliber M. 1 ( S/No - D 28287 1 WR ) တစ်လက် ၊ ၄င်းကျည်အိပ် ၂၈ ခု နှင့် ကျည် ၂၂၀ တောင့် တို့အား သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)



No comments:

Post a Comment