Pages

Thursday, September 19, 2013

အမျိုးသားပြတိုက်ရှိ သီပေါမင်း နှင့် စုဖုရားလတ် ၏နန်းတွင်းဝတ် မဟာလတာ အ၀တ်အထည်ကို ထိန်းသိမ်းပြုပြင်ရန် ဂျပန်ပညာရှင် လာရောက် ကူညီမည်


သီပေါမင်း နှင့် စုဖုရားလတ် တို့၏ နန်းတွင်းဝတ် မဟာလတာ ၀တ်ရုံထည်

ရန်ကုန် ၊ ၁၉-၉-၂၀၁၃

မြန်မာနိုင်ငံ ၏ နောက်ဆုံး မင်းဆက် ဘုရင် တစ်ပါး ဖြစ်သော သီပေါမင်း နှင့် ၄င်း၏ မိဖုရား စုဖုရားလတ် တို့ နန်းရေး သဘင် ဆင်ယင်ရာတွင် ၀တ်ဆင်ခဲ့သော ရွှေအစစ် ၊ ပတ္တမြား အစစ်များ ပါဝင်၍ ချုပ်လုပ် ထားသည့် မဟာလတာ အ၀တ်အထည် ကို နှစ်ကာလ ရှည်လာသဖြင့် ပြုပြင်မှု နှင့် နှစ်ပေါင်း များစွာ ကြာရှည်ခံရန် အမျိုးသား ပြတိုက်တွင် ထားရှိသည့် ယင်း အ၀တ်အထည် ကို ဂျပန်မှ ပညာရှင် က လာရောက်၍ ကူညီ ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်နုမြဇန် က ပြောကြား ခဲ့သည်။

" အမျိုးသား ပြတိုက်ရဲ့ ပစ္စည်း ခင်းကျင်း ထိန်းသိမ်းမှု က အရေးကြီး ပါတယ် ၊ သီပေါမင်း ရဲ့ မဟာလတာ က ထိန်းသိမ်း ရ ခက်ခဲတယ် ၊ ရွှေတွေရော ၊ ပတ္တမြား တွေပါ ပါဝင်တဲ့ ၀တ်စုံ ဖြစ်တဲ့အတွက် Organic နဲ့ Inorganic ပေါင်းစပ် ထားတာပါ ၊ ဒါကြီးက မှားသွားရင် အမှားမခံ လို့ ဂျပန်က လာကူညီဖို့ ရှိတယ် ၊ ဂျပန် နိုင်ငံအနေနဲ့က သူတို့ဆီမှာ တစ်ကမ္ဘာ လုံးရဲ့ ရှေးဟောင်း ပစ္စည်းတွေ ရော တိုင်းရင်းသား လူမျိုးစုတွေရဲ့ အလေ့အထ တွေပါ ပြတိုက်အနေ နဲ့ ထိန်းသိမ်း ရတာဆိုတော့ သူတို့ပညာရှင် တွေက မလုပ်နိုင် ဘဲနဲ့တော့ ကူညီပေးဖို့ တော်ရုံ မပြောပါဘူး ၊ ဂျပန်ပညာရှင် လာရင် လည်း ဒီက ပြတိုက် တွေမှာရှိတဲ့ ၀န်ထမ်း လေးငါး ခြောက်ယောက် လောက်ကိုပါ သူနဲ့အတူ လိုက်လံ လုပ်ဆောင် ရမှာဆိုတော့ နောက်ပိုင်း မြန်မာနိုင်ငံ အနေနဲ့လည်း ပညာရ သွားမှာပါ ... '' ဟု အထက်ပါ တာဝန်ရှိသူက ပြောကြား ခဲ့သည်။


မဟာလတာ အဝတ်အထည်ကို ဂျပန်ကလာပြီး ပြုပြင်မှု လုပ်ဆောင်ဖို့ ကူညီတယ် ဆိုတာ သုတေသန တစ်ခုကို သူတို့အနေနဲ့ လာလုပ်တာ ဖြစ်ပြီး ဒီ သုတေသနကို အခြေခံကာ ဂျပန် ဂျာနယ် တစ်စောင်မှာ ဖော်ပြမည် ဖြစ်ကြောင်း နှင့် အောက်တိုဘာလ အကုန် နိုဝင်ဘာလ တွင် ထိုသုတေသန အကောင် အထည်ဖော် နိုင်မည် ဖြစ်ကြောင်း နေပြည်တော် အမျိုးသား ပြတိုက် တာဝန်ခံ ဦးကျော်ရှင်နောင် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။(မိုးအောင်)

No comments:

Post a Comment