Pages

Friday, September 27, 2013

မြေဈေးနှုန်း ထိန်းချုပ်ခြင်း နှင့်အတူ အိမ်အငှားဈေးကွက်ပါ ထိန်းချုပ်နိုင်ပါက အခြေခံ လူတန်းစားများ အကျိုးရှိမည်


ရန်ကုန် ၊ ၂၇-၉-၂၀၁၃

နိုင်ငံတော် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ မြင့်တက် လျက်ရှိသော အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ်ရန် ပြင်ဆင်လျက် ရှိပြီး အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ်မှု နှင့်အတူ အိမ်ငှား ဈေးကွက်ပါ ထိန်းချုပ် ပေးပါက အခြေခံ လူတန်းစား တစ်ရပ်လုံးကို အကျိုးရှိ စေမည် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် များက ပြောပြခဲ့သည်။

အိမ်ခြံမြေ ဈေးနှုန်းများကို မြို့နယ် အလိုက် ဈေးနှုန်း သတ်မှတ် လိုက်ပါက ငွေကြေး ချမ်းသာသည့် သူများသာ မြေကွက် အမြောက်အမြား ပိုင်ဆိုင် သွားမည်ဖြစ်ပြီး ယင်း မြေကွက်များ တွင် အဆောက်အအုံ များ တည်ဆောက်ပြီး အငှားဈေး ကွက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင် သည်ဟု ၄င်းတို့က သုံးသပ်ပြောကြား ခဲ့သည်။

နိုင်ငံတော် အစိုးရ အနေဖြင့် မြင့်တက် နေသော အိမ်ခြံမြေ ဈေးနှုန်းကို ထိန်းချုပ် ရန်အတွက် မြို့နယ်အလိုက် မြေဈေးနှုန်း များ တရားဝင် သတ်မှတ်ခြင်း မှာ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ကြောင်း ၊ ထိုသို့ ပြုလုပ်ပါက ဈေးနှုန်းများ ဆက်လက် မြင့်တက် လာနိုင်ကြောင်း ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို စနစ်တကျ အကောင် အထည်ဖော် ဆောင်နိုင်ပါက မြင့်တက် နေသော မြေဈေးနှုန်းမှာ အဆင့်ဆင့် ကျဆင်း သွားနိုင်သည်ဟု လည်း အိမ်ခြံမြေ အကျိုးဆောင် များထံက သိရသည်။

တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ရာ တွင်လည်း အောက်ခြေ လူတန်းစား ပြည်သူများ အမှန်တကယ် အကျိုးပြုနိုင် သည့်  စီမံကိန်းများ ဖြစ်ရန် လိုအပ်ပြီး ယင်းသို့ အခြေခံ လူတန်းစား အဆင့် လက်လှမ်းမီသည့် အိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရန်မှာ လည်း အောက်ခြေ လူတန်းစားများ ဝယ်ယူ နေထိုင် နိုင်သည့် ဈေးနှုန်းများဖြင့် ပြန်လည် ရောင်းချ ပေးရန်လိုအပ် လျက်ရှိသည်။


အောက်ခြေ လူတန်းစားများ ဝယ်ယူ နိုင်သည့် ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချ နိုင်သည့် စီမံကိန်းများ အကောင် အထည်ဖော်ပြီး ပြန်လည် ရောင်းချရာ တွင်လည်း အမှန်တကယ် လိုအပ်နေသည့် သူများ လက်ဝယ်သို့ ရောက်ရှိရန် အရေးကြီးကြောင်း သိရှိရသည်။

No comments:

Post a Comment