Pages

Friday, September 27, 2013

ကမ္ဘာ့ ဒုတိယအရပ် အမြင့်ဆုံး မြန်မာနိုင်ငံသား ကိုဝင်းဇော်ဦး အောင်မြင်စွာ ဆေးကုသမှု ခံယူပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ





ရန်ကုန် ၊ ၂၇-၉-၂၀၁၃

ကမ္ဘာပေါ်တွင် ဒုတိယ အရပ်အမြင့်ဆုံး အဖြစ် စံ သတ်မှတ် ထားသည့် မြန်မာ နိုင်ငံသား ကိုဝင်းဇော်ဦးသည် စင်ကာပူ နိုင်ငံရှိ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဦးနှောက် အကျိတ်ရောင် ရောဂါကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူပြီး ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာသည်။

'' ကျွန်တော်ဟိုမှာ နှစ်လ ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရ ပါတယ်။ စင်ကာပူ ဆေးရုံက အထူးကု ပါရဂူကြီးတွေ ၊ ဆရာဝန်ကြီး တွေက ကျွန်တော့်ကို အထူးဂရုစိုက် ကုသပေး ပါတယ်။ ဆေးရုံတက် ခွဲစိတ် ကုသတာ ၁ဝ ရက်ကြာပါတယ်။ အခုလို ကျွန်တော် ကျန်းမာရေး ကောင်းမွန် လာတာ ဆရာကြီးတို့ မိသားစုရဲ့ ဖြူစင်တဲ့ မေတ္တာ စေတနာကြောင့် ၊ မိဘတွေရဲ့ ဂုဏ်ကျေးဇူး တွေကြောင့်ပါ ၊ ခွဲစိတ်ပြီး တော့အခု မျက်လုံးလေး နည်းနည်း မှုန်တာပဲ ရှိတယ်။ အားလုံးကောင်း သွားပါပြီ .. .. '' ဟု ကိုဝင်းဇော်ဦး ကပြော သည်။


အသည်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းက '' မောင်ဝင်းဇော်ဦး ကို ခွဲစိတ်တာ စင်ကာပူ နိုင်ငံ အနေနဲ့ ပထမဆုံး ဦးနှောက် ခွဲစိတ် အောင်မြင်မှု တစ်ခု ဖြစ်ပါတယ် ၊ ခွဲစိတ်ချိန် ၈ နာရီ ကြာမြင့်ပါတယ် ၊ စင်ကာပူ က ဆရာဝန် ကြီးတွေရဲ့ ပြောကြားချက် အရ နှာခေါင်းက စခွဲစိတ်ခဲ့ ရပါတယ်။ ဦးနှောက် အနောက်ဘက် မှာရှိတဲ့ ဦးခေါင်းအခွံ အမာကို လွန်နဲ့ ထိုးဖောက်ပြီး အတွင်းပိုင်းရှိ အကျိတ် အဖုတွေကို ခွဲစိတ် ရတာပါ။ အတော်ကို အန္တရာယ် များပါတယ်။ ၀င်းဇော်ဦး ကတော့ မခွဲစိတ်ခင် ထိ လုံးဝ တုန်လှုပ်မှု မရှိပါဘူး ၊ အခုတော့ အားလုံး အောင်မြင် သွားပါပြီ ... " ဟု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment