Pages

▼

Friday, September 27, 2013

ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ၊ ရေဘေးသင့် အိမ်ထောင်စု များအား ထောက်ပံ့ ပစ္စည်းများ ကူညီပေးအပ်



ဘုတ်ပြင်း ၊ ၂၇-၉-၂၀၁၃

ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲတွင် စက်တင်ဘာ ၂၃ ရက် က မိုးသည်းထန် သဖြင့် လေညှာ မြစ်ရေ မြှင့်တက်လာမှု ကြောင့် ရေဘေးသင့် ရပ်ကွက် နှင့် ကျေးရွာများ မှ မိသားစု များအား ထောက်ပံ့  ပစ္စည်းများ ပေးအပ် ကူညီခြင်း အစီအစဉ် ကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၉) နာရီက ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ရေဘေးသင့် မိသားစု များအား ယာယီ နေရာချ ထားပေးသည့် ကယ်ဆယ်ရေး စခန်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။


ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းသာ နှင့် ဌာနဆိုင်ရာများ ၊ NGO  အဖွဲ့များ  ၊ ရပ်မိရပ်ဖ စေတနာရှင်များ  မှ ၀ိုင်းဝန်း ပေးအပ် ကူညီသည့်  အ၀တ်အထည်များ ၊ ဆန် နှင့် ရိက္ခာခြောက်များ ၊ အခြား အိမ်သုံး ပစ္စည်းများအား ရေဘေးသင့် မိသားစုများ ဖြစ်သည့်  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် မှ အိမ်ထောင်စု (၅) စု နှင့် လူဦးရေ (၃၂)ဦး ၊ လေညှာ အရှေ့ရပ်ကွက် မှ အိမ်ထောင်စု (၃၅ )စု နှင့်လူဦးရေ (၁၅၃)ဦး ၊ ထောင်ငါးသိုင်းချောင်း ကျေးရွာအုပ်စု ၊ ချောင်းမွန် ကျေးရွာ မှ အိမ်တောင်စု (၃၂)စု နှင့် လူဦးရေ (၁၂၄) ဦးတို့အား ၊သွားရောက် ထောက်ပံ့   ပေးအပ် ကူညီခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment