Pages

Wednesday, September 25, 2013

ငါးကြိမ်မြောက် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ညီလာခံ ကျင်းပမည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး ညီလာခံကို မဲခေါင်ဒေသ ဆိုင်ရာ နိုင်ငံများ အတွင်း နှစ်စဉ် ကျင်းပလေ့ ရှိကာ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် မြို့တော်၌ အဆိုပါ ညီလာခံကို ငါးကြိမ်မြောက် အနေဖြင့် ပြည်တွင်း၌ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင် နေသော ပြည်တွင်း လူမှု အဖွဲ့အစည်း တစ်ခုမှ ပြောကြားခဲ့သည်။

ယင်း ညီလာခံကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် တို့တွင် ကျင်းပမည် ဖြစ်ပြီး မဲခေါင်ဒေသ နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား ၊ တရုတ် ၊ လာအို ၊ ထိုင်း ၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ တို့မှ သက်ဆိုင်ရာ တာဝန်ရှိ ကိုယ်စားလှယ်များ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO နှင့် China Medical Board ( CMB ) အပါအဝင် ပြည်တွင်း နှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO / INGO) တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြ မည်ဖြစ်သည်။

ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) အဆိုပါ ညီလာခံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် China Medical Board ( CMB ) တို့၏ အကူအညီ ဖြင့် စီစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်၌ ကျင်းပရန် ပြီးခဲ့သော လေးကြိမ်မြောက် ကျင်းပခဲ့သော တရုတ်နိုင်ငံ ကူမင်း ဆေးတက္ကသိုလ် ၌ ပြုလုပ်ခဲ့သော ညီလာခံမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။


မဲခေါင်ဒေသ နိုင်ငံများ၏ ပြည်သူ့ ကျန်းမာရေး ညီလာခံကို ပြည်သူ့ ကျန်းမာရေး နှင့် ပတ်သက်သည့် ကြုံတွေ့နေ ရသော ခက်ခဲမှုများ၊ တိုးတက်လာ သော ခေတ်စနစ်၏ ဆေးကုသခြင်း ဆိုင်ရာ နည်းပညာများ စိန်ခေါ်မှု များကို နိုင်ငံအချင်းချင်း အပြန်အလှန် နှီးနှောဖလှယ် သွားရန် ရည်ရွယ်၍ ၂ဝဝ၉ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment