Pages

▼

Wednesday, September 25, 2013

မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ ဓလေ့ပုံစံများ မှတ်တမ်းတင် ဓာတ်ပုံပြပွဲ ပြုလုပ်မည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

မြန်မာနိုင်ငံတွင်း နေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၅ဝ ကျော်ရှိသည့် အနက်မှ မျိုးနွယ်ပေါင်း ၃၅ စုတို့၏ တိုင်းရင်းသား ရိုးရာ ၀တ်စား ဆင်ယင်ပုံများ နှင့် နေထိုင်မှု ဓလေ့ စရိုက်များကို မှတ်တမ်းတင် ပြသမည့် ဓာတ်ပုံပြပွဲ ကို ယခုလအတွင်း ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် အရုဏ်ဦး လူမှုဖွံ့ဖြိုးရေး အသင်းမှ ဦးကျင်ခန့်လျန်းက ပြောကြား ခဲ့သည်။

အဆိုပါ ဓာတ်ပုံပြပွဲကို Vanishing Tribes of Burma ဟု အမည် ပေးထားပြီး စက်တင်ဘာ ၂၈ ၊ ၂၉ ၊ ၃ဝ ရက် များတွင် အင်းယားလိတ် ဟိုတယ် Ball Room ၌ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ပြည်သူလူထု များ လာရောက် ကြည့်ရှုနိုင်ရန် ဖွင့်လှစ်သွားမည် ဟု သိရသည်။


'' ဓာတ်ပုံပြပွဲ တွေထဲမှာ ဒီလို မှတ်တမ်းတင် ပြသမှုမျိုးက ဒါပထမဆုံးပါ ၊ ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စု တွေရဲ့ ဓလေ့နဲ့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင် ကြတယ် ဆိုတာကို လာကြည့်တဲ့ နိုင်ငံခြား ဧည့်သည်တွေ အနေနဲ့လည်း သိသွားအောင်ပါ ၊ မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အကုန်ရဲ့ ရိုးရာ ၀တ်စား ဆင်ယင်ပုံ တွေကို မပြသနိုင် ပေမယ့် ပြည်တွင်း တိုင်းရင်းသား မျိုးနွယ်စု ၃၅ စုတို့ရဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကို ပြသသွားမှာပါ ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

No comments:

Post a Comment