Pages

Wednesday, September 4, 2013

မြန်မာ့စဥ့်ထည်ပစ္စည်းများ ပြည်ပတင်ပို့ရောင်းချမှု တွင် ဈေးကွက် ခိုင်မာစွာ ရရှိရန် လိုအပ်နေသေး


ရန်ကုန် ၊ ၄-၉-၂၀၁၃

မြန်မာ့စဥ့်ထည် ပစ္စည်းများ ပြည်ပ တင်ပို့ ရောင်းချမှုတွင် ဈေးကွက် ခိုင်မာစွာ ရရှိရန် လိုအပ် နေသေးကြောင်း မြန်မာနိုင်ငံ စဥ့်လုပ်ငန်းရှင် များအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ပြည်ပဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်ရန် အရည်အသွေး ပိုင်းများ မြှင့်တင်ရန်လို အပ်ကြောင်း ၊ ယင်းအတွက် ကမ္ဘာ့ ဈေးကွက်တွင် ထိပ်တန်း စဥ့်တစ်မျိုး ဖြစ်သည့် ဆယ်လဒွန်း ခေါ် သစ်ပင်ပြာ ချော်များဖြင့် ပြုလုပ်သော စဥ့်ထည်များ စမ်းသပ် လုပ်ကိုင်လျက် ရှိကြောင်း ၊ မြန်မာ့ စဥ့်ထည်များကို ပြည်ပ ဈေးကွက်သို့ ထိုးဖောက်ရာ တွင် စင်ကာပူ နိုင်ငံသို့ ဦးစွာတင်ပို့ပြီး ထိုမှတစ်ဆင့် ကမ္ဘာ့ ဈေးကွက်သို့ ပို့ဆောင်ကြောင်း သိရသည်။

'' ဈေးကွက်မှာ အရည်အသွေးပိုင်း ကွာဟချက်တွေ ရှိနေတယ် ၊ ပြင်ဆင် စမ်းသပ် ထုတ်လုပ်မှုတွေ လုပ်နေပါတယ် ၊ ဒီဇိုင်းပိုင်း တွေကအစ အရေးကြီး လာပါတယ် ၊ ပြည်ပ ဈေးကွက်ကို ပို့နေတယ် ဆိုပေမဲ့ အများကြီး မပို့နိုင်သေး ပါဘူး ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာ့စဥ့်ထည် ပစ္စည်းများကို ဈေးကွက်တွင် တိုက်ရိုက် ချိတ်ဆက်နိုင်မှ ကျယ်ပြန့်စွာ ဈေးကွက် ရရှိလာမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ စဥ့်ထည် ပစ္စည်းဈေးကွက် အတွင်း ဗီယက်နမ် ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဂျပန်၊ တရုတ် နှင့် အနောက် ဥရောပ နိုင်ငံများမှ စဥ့်ထည် ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေကြပြီး ဈေးကွက် ရရှိရေး ယှဉ်ပြိုင် နေရကြောင်း သိရှိရသည်။


မြန်မာနိုင်ငံအတွင်း စဥ့်ထည်ပစ္စည်း များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တွံတေးဒေသ ၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကျောက်မြောင်း ဒေသ ၊ ရှမ်းပြည်နယ် အတွင်းရှိ အင်းလေးဒေသ များ၌ ထုတ်လုပ်လျက် ရှိပြီး ပြည်ပတင်ပို့မှု အနေဖြင့် လစဉ် ကွန်တိန်နာ နှစ်လုံး ၊ သုံးလုံး ခန့်သာ တင်ပို့ နိုင်သေးသည့် အတွက် လစဉ် ကွန်တိန်နာ အလုံး ၃ဝ နီးပါးတင် ပို့နိုင်ရန် လျာထားကြောင်း သိရှိရသည်။

No comments:

Post a Comment