Pages

Wednesday, September 4, 2013

မိုးကြိုးထိမှန်မှုကြောင့် တိုက်လေယာဉ်များ ရောက်ရှိရန် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ထိုင်းလေတပ်ဖွဲ့မှ ဆို

ဆွီဒင်နိုင်ငံလုပ် JAS 39 Gripen ဂျက်တိုက်လေယာဉ်
၎-၉-၂၀၁၃

ထိုင်းလေတပ်ဖွဲ့ သည် ဆွီဒင်နိုင်ငံလုပ် JAS 39 Gripen ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူ ထားခဲ့ပြီး ၄င်းတို့အနက် နောက်ဆုံး ၃ စင်းကို စက်တင်ဘာ ၂ ရက်တွင် ထိုင်းနိုင်ငံ အရောက် ပေးပို့ရန် စီစဉ်ထား သော်လည်း တိုက်လေယာဉ် ၃ စင်းအနက် ၁ စင်းမှာ လမ်းခရီး၌ မိုးကြိုးထိမှန် ခဲ့သဖြင့် ပို့ဆောင်မှု နှောင့်နှေးခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ တိုက်လေယာဉ် ၃ စင်းသည် ဆွီဒင်နိုင်ငံမှ သြဂုတ် ၃ဝ ရက်တွင် ထွက်ခွာလာခဲ့ပြီး ဆူရတ်ထနီ ပြည်နယ်ရှိ ထိုင်းလေတပ် အမှတ်(၇) လေတပ် စခန်းသို့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိရန် ခန့်မှန်း ထားကြောင်း သိရသည်။ သို့သော်လည်း ထိုင်းလေတပ် ဒုတိယ စစ်ဦးစီးချုပ် Permkiat Lawanaman က ၄င်း တိုက်လေယာဉ်များ ထိုင်းနိုင်ငံသို့ ပျံသန်းလာစဉ် အိန္ဒိယနိုင်ငံ လေပိုင်နက် အရောက်တွင် ၁ စင်းမှာ မိုးကြိုး ထိမှန်ခဲ့ပြီး လေယာဉ် တောင်ပံများ အနည်းငယ် ပျက်စီး သွားကြောင်း ၊ မတော်တဆမှု ဖြစ်စဉ်အတွင်း တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယခုလေယာဉ် ၃ စင်းသည် အိန္ဒိယနိုင်ငံရှိ လေဆိပ် တစ်ခုတွင် ရောက်ရှိ နေကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် အဆိုပါ မိုးကြိုး ထိမှန်မှုကြောင့် ၄င်း တိုက်လေယာဉ် ၃ စင်း ရောက်ရှိမည့် အချိန်ကို စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီသို့ ရွှေ့ဆိုင်း ခဲ့ရသည်ဟု ထပ်လောင်း

ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment