Pages

Saturday, July 13, 2013

ဈေးကွက်ရရှိရေး ကူညီမည့် အဖွဲ့အစည်း ရှိသော်လည်း ခိုင်မာသည့် ဈေးကွက်ဖြစ်ရန် လိုအပ်


ရန်ကုန် ၊ ၁၃-၇-၂၀၁၃

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တွင် အမေရိကန် နှင့် EU နိုင်ငံများသို့ တီလားဗီးယား ငါးတင်ပို့သည့် ဈေးကွက် ရရှိရေး အတွက် နည်းပညာ အထောက်အပံ့ ပေးရန် Winrock International မှ Marketing and Export ကျွမ်းကျင် သူများက လာရောက် ဆွေးနွေး ခဲ့သော်လည်း အဆိုပါ ငါးဈေးကွက် သည် ခိုင်မာသည့် ဈေးကွက်မျိုး ဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ သိရသည်။

" ငါးမွေးဖို့ နည်းပညာတွေက ၀င်လာပြီး တီလားဗီးယား က တကယ့် နိုင်ငံတကာ ဈေးကွက် တစ်ကယ် ရှိရဲ့လား ဆိုတာ ကြည့်ရမယ် ၊ ကကတစ် တုန်းကတော့ တော်တော် အရှုံးပေါ် ခဲ့ရတယ် ၊ ရလဒ်က သေချာတယ် ဆိုရင် တီလားဗီးယား မျိုးက ဘယ်က ရမလဲ ၊ နည်းပညာ ကူညီမယ့် သူတွေကရော ဘယ်လိုတွေ လုပ်ပေးမလဲ ၊ သက်ဆိုင်ရာ အဖွဲ့အစည်း တွေဖွဲ့ လုပ်ပေးပြီး ရင်းနှီးငွေ အတွက် သူ့နည်း သူ့ဟန်နဲ့ ထုတ်ပေးမယ် ဆိုရင်တော့ ငါးတင် မကပါဘူး ၊ အခြား ကြက် ၊ ၀က် ၊ နွား မွေးမြူရေး တွေလည်း အောင်မြင် လာနိုင် ပါတယ် ..... " ဟု ငါးပုစွန် အစာ ထုတ်လုပ် ရောင်းချသူများ အသင်း မှ ဒေါက်တာ သက်မှူး က ပြောကြား ခဲ့သည်။

တီလားဗီးယား ငါးသည် EU နိုင်ငံသို့ တင်ပို့သည့် တရုတ် ဈေးကွက်၌ ၁ ဒသမ ၂ သန်း တန်ချိန် ထုတ်လုပ်ပြီး အမေရိကန် ဈေးကွက် သို့ တန်ချိန် ၆ သောင်း တင်ပို့ နေသည့် ကြီးမားသည့် ဈေးကွက် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ မှ တီလားဗီးယား ငါးတင်ပို့ရန် လည်း EU ဈေးကွက် ရရှိရန် လိုအပ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒေါ်တိုးနန္ဒာတင် က ပြောကြား ခဲ့သည်။


ယခုဘဏ္ဍာရေး နှစ် ဧပြီလ မှ ဇွန်လ အတွင်း မြန်မာနိုင်ငံ ရေချို ငါးမွေးမြူရေး လုပ်ငန်းရှင် များအသင်းမှ ၁၈ ဒသမ ၄၇၁ တန်ချိထိ တင်ပို့ ခဲ့ပြီး တင်ပို့ရန် လျာထားချက် မှာ ၁၂၀၀၀၀ တန်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment