Pages

Saturday, July 13, 2013

စည်းကမ်းမဲ့ မြေယာငှားရမ်းခြင်း သည် စိုက်ပျိုးမြေယာ များကို ပျက်စီးစေနိုင်


ရန်ကုန် ၊ ၁၃-၇-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့နယ် အတွင်းရှိ တောင်သူ အချို့သည် မိမိ လုပ်ကိုင်လျက် ရှိသော စိုက်ပျိုးရေး မြေယာများကို သီးစားချ ပေးထားခြင်း သို့မဟုတ် မြေယာ ငှားရမ်းမှုများ ပြုလုပ်လျက် ရှိရာ မြေယာ ငှားရမ်း စိုက်ပျိုး လုပ်ကိုင်သူများ အနေဖြင့် မှတ်ပုံတင် ထားခြင်း မရှိသော စိုက်ပျိုးရေး သုံးဆေးများ ၊ အခြား ဖျက်အားပြင်း ပိုးသတ်ဆေး များနှင့် ပေါင်းသတ်ဆေး များကို အသုံးပြု လုပ်ကိုင်လျက် ရှိရာ မြေဆီလွှာ များ လိုအပ်သည်ထက် ပိုမို ပျက်စီး စေနိုင်ကြောင်း စိုက်ပျိုးရေး ပညာများကို လေ့လာ နေသူများက ပြောကြား ကြောင်း သိရသည်။

အဆိုပါ လယ်ယာမြေ ငှားရမ်း စိုက်ပျိုးခြင်း သည် ဒေသထွက် စီမံကိန်းဝင် သီးနှံများ အထွက်တိုး အားကို ထိခိုက် စေနိုင်သည့် အပြင် မြေယာ ငှားရမ်း စိုက်ပျိုးသူများ အနေဖြင့်လည်း တွက်ခြေကိုက် နိုင်ရေး အတွက် ကန့်သတ် စိုက်ပျိုးဆေး များနှင့် အခြားသော ဓာတုဗေဒ နည်းပညာရပ် များကို အသုံးပြု စိုက်ပျိုး လာနိုင်ကြောင်း ၊ ယင်းကြောင့် စည်းကမ်းမဲ့ မြေယာ ငှားရမ်း၍ အခြား သီးနှံများကို စိုက်ပျိုးခြင်း သည် စိုက်ပျိုးမြေယာ များ ပျက်စီး စေနိုင်သည် ဟု သတင်းများ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။


ယင်းကဲ့သို့ လယ်ယာမြေများ ငှားရမ်း၍ ဒေသထွက် စီမံကိန်းဝင် သီးနှံ မဟုတ်သော ဖရဲစိုက် လယ်ယာမြေ ဧက ၄၅၀ ကျော်နှင့် စိုက်ပျိုး လုပ်သား ၁၀၀၀ ကျော် ခန့် ရွှေ့ပြောင်း အလုပ်သမား အဖြစ် မုံရွာမြို့နယ် တောင်လက် ဖြစ်သည့် နတ်ကြီးကျွန်း ၊ ဆူးလေကုန်း ၊ ကျွန်းရွာသစ် ကျေးရွာများ နှင့် အရှေ့လက် ဖြစ်သော သာစည် ၊ အင်တိုင်း နှင့် ခိုးသန်းကျေးရွာ များတွင် စိုက်ပျိုး လုပ်ကိုင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment