Pages

Saturday, July 6, 2013

တေးစီးရင်း ကာဗာများပေါ်တွင် ဘားကုတ်စနစ်ကို သြဂုတ်လ ၁ ရက်မှ စတင်အသုံးပြုမည်


ရန်ကုန် ၊ ၆-၇-၂၀၁၃

တေးစီးရီးခွေ ကာဗာများပေါ်တွင် ယခုလက်ရှိ အသုံးပြုလျက် ရှိသော စတစ်ကာများ နေရာတွင် သြဂုတ်လ ၁ ရက်မှ စတင်ကာ ဘားကုတ်စနစ် ကို စတင် အသုံးပြု သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ သိရသည်။

ဂီတ အစည်းအရုံး အနေဖြင့် အွန်လိုင်းစနစ် ကို သွားနေသည့် အချိန်တွင် ဘားကုတ်စနစ် သည် မရှိမဖြစ် လိုအပ်ပြီး သြဂုတ်လ ၁ ရက်တွင် စတင် ထွက်ရှိမည့် တေးစီးရီးခွေ များတွင် အဆိုပါ ဘားကုတ် စနစ်ကို စတင် အသုံးပြု သွားမည် ဖြစ်ရာ Tape , CD, VCD, DVD နှင့် Blue Ray အမျိုးအစား ၅ မျိုးလုံး အတွက် ဘားကုတ် များကို ထုတ်ပေး သွားမည် ဖြစ်သည်။

" ဘားကုတ်စနစ်ကို ထည့်သွင်းခြင်း အားဖြင့် မည်သည့် ခုနှစ် ၊ မည်သည့် နိုင်ငံ ကထုတ်ပြီး ဘယ်သူတွေ ပါသည် ၊ ဈေးနှုန်း ဘယ်လောက် အဆင့် ရှိသည် စသည်ဖြင့် အချက်အလက် ထိန်းသိမ်းမှုပိုင်း ဆိုင်ရာ အထောက် အကူပြု နိုင်မှာ ၊ Tape , CD, VCD, DVD နှင့် Blue Ray ၅ မျိုးလုံး အတွက်ကို ဘားကုတ် ထုတ်ပေးမှာပါ ၊ ခွေထုတ်မယ့် သူကတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစား ကို ရွေးသုံးလို့ ရပါတယ် ...  " ဟု ဂီတ အစည်းအရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


အဆိုပါ ဘားကုတ်စနစ် အသုံးပြုခြင်းဖြင့် တေးစီးရီး နှင့် ပတ်သက်သော အချက်အလက် များ သိရှိလိုခြင်း ၊ မူပိုင်ခွင့် နှင့် ပတ်သက်သည့် ကိစ္စများတွင် တိကျစွာ ဆောင်ရွက် ပေးသွား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment