Pages

Saturday, July 6, 2013

တစ်ရက်လျှင် ငွေကျပ် ၂၅ သိန်း အရှုံးခံ ပြေးဆွဲနေသော မြန်မာ့မီးရထား



ရန်ကုန် ၊ ၆-၇-၂၀၁၃

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ် ခရီးစဉ် များတွင် တစ်နေ့လျှင် အခေါက်ရေ ၂၀၀ ပြေးဆွဲပေး နေသည့် အတွက် တစ်ရက်လျှင် မြန်မာ့ မီးရထား မြို့ပတ် ခရီးစဉ်များ အနေဖြင့် ငွေကျပ် သိန်းပေါင်း ၂၅ သိန်းကျော် အရှုံးပေါ် လျက်ရှိကြောင်း မြန်မာ့မီးရထား တိုင်း(၇)မှ ဦးကျော်ကျော်မျိုး က ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ပြေးဆွဲရာ၌ နံနက် ရုံးချိန်များတွင် ၁၂ ခေါက် နှင့် ညပိုင်းရုံးဆင်း ချိန်များတွင် ၁၂ ခေါက်ဖြင့် မြို့တွင်းခရီးစဉ် များကို ပြေးဆွဲ ပေးလျက်ရှိပြီး ပြေးဆွဲရာတွင် နံနက်ပိုင်း ရုံးချိန် ရန်ကုန် အ၀င်မှာ အင်းစိန် ၅ စင်း ၊ တိုးကြောင်ကလေး ဘက်မှ ၃ စင်း နှင့် မင်္ဂလာဒုံ ဘက်မှ လာသည့် ရထားမှာ ၄ စင်း ရှိကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲပေး နေသည့် အရှုံးပေါ် နေသော မြို့ပတ်ရထား ၏ စီးနင်းခ များကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က ငွေကျပ် ၁၀ မှ ၁၀၀ သို့ တိုးမြှင့် ကောက်ခံခဲ့ကြောင်း ၊ ၄င်းအပြင် ယခင်က မြို့ပတ် ရထားလသုံး လက်မှတ် တစ်စောင် ကို ငွေကျပ် ၃၅၀ သတ်မှတ် ထားရာမှ ငွေကျပ် ၁၇၀၀ သို့ ပြောင်းလဲ ကောက်ခံ ခဲ့ရကြောင်း မြန်မာ့ မီးရထား မှ သိရသည်။


မြို့ပတ်ရထား ကို အခြေခံ လက်လုပ် လက်စား လူတန်းစား များသာ စီးနင်း ကြခြင်း ဖြစ်ပြီး အခြား ခရီးသည်တင် ယာဉ်များနှင့် နှိုင်းယှဉ်ပါက စီးနင်းခ သက်သာသည့် အတွက် ရုံးဝန်ထမ်းများ ၊ ကျောင်းသား ကျောင်းသူများ နှင့် ဈေးသည်များ အများဆုံး စီးနင်း ကြကြောင်း သိရသည်။ " မြို့ပတ်ရထားက တစ်ရက်ကို ငွေကျပ် ၂၅ သိန်း ရှုံးတယ် ၊ မြန်မာ့ မီးရထား အနေနဲ့ ဘာကြောင့် အခုလို အရှုံးခံပြီးတော့ ပြေးဆွဲ ပေးနေရ သလဲဆိုရင် ရန်ကုန်မှာ နေတဲ့ ပြည်သူတွေ ငွေကြေး ကုန်ကျမှု အပိုင်းမှာ တစ်ထောင့် တစ်နေရာ ကနေ ကုန်ကျမှု နည်းအောင် လို့ပါ ၊ မြို့ပတ် ရထား အရှုံးပေါ် တာက စီးတဲ့သူ မရှိလို့ မဟုတ်ပါဘူး ၊ စီးနင်းတဲ့သူက များပါတယ် ၊ တိုးတောင် တိုးလာ နေပါတယ် ၊ ဘာဖြစ်လို့ လဲဆိုတော့ အခုအချိန်မှာ အင်းစိန် ကနေ ရန်ကုန် လာမယ်ဆိုရင် ရထားနဲ့ဆို အများဆုံး တစ်နာရီပဲ ၊ ကားနဲ့ဆိုရင် ၂ နာရီ လောက် ကြာတယ် ၊ ယာဉ်ပိတ်ဆို့မှု လည်း မရှိဘူး ၊ ဒါကြောင့် အခုဆိုရင် ရထားစီးပြီး ခရီးသွားတဲ့ သူက တိုးလာနေပြီ ၊ ကျွန်တော်တို့ အရှုံးပေါ်တဲ့ အရှုံးက အားလုံး တွက်ချက် ထားတာ မဟုတ်ပါဘူး ၊ ဆီဖိုးကိုပဲ တွက်ထားတာ ၊ အခြား ဘာမှ ထည့်မတွက် ပါဘူး ၊ ရှုံးတဲ့ ဟာကိုတော့ ခရီးဝေး ဘက်ကနေ ပြန်ရှာ ရတာပေါ့ ..... " ဟု မြန်မာ့ မီးရထား တိုင်း(၇)မှ မန်နေဂျာ ဦးကျော်ကျော်မျိုး ထံမှ သိရှိရသည်။

No comments:

Post a Comment