Pages

Wednesday, July 31, 2013

ရေဘေးသင့် ပြည်သူများအား လုံခြုံရေးဝန်ထမ်းများက ကယ်ဆယ်ရေး စခန်းများသို့ ကူညီရွှေ့ပြောင်းပေး




နေပြည်တော် ၊ ၃၁-၇-၂၀၁၃

ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်း ဇူလိုင်လ ၂၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုများကြောင့် ပြည်သူအများ ရေဘေး တွေ့ကြုံလျက် ရှိရာ ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပြည်နယ် အစိုးရအဖွဲ့ မှ တာဝန်ရှိ သူများသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သား များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ က ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေရာချထား ပေးကြကြောင်း သိရသည်။


ထိုသို့ ပြောင်းရွှေ့ ပေးရာ မြ၀တီမြို့ တွင် အိမ်ထောင်စု ၂၅၃ စု ၊ ကော့ကရိတ်မြို့ တွင် အိမ်ထောင်စု ၁၂ စု ၊ လှိုင်းဘွဲ့မြို့တွင် အိမ်ထောင်စု ၁၉၅ စု ၊ ဘားအံမြို့ မြို့ပေါ်ရပ်ကွက် အချို့မှ အိမ်ထောင်စု ၁၁၇၇ စု ၊ ရွှေဂွန်း ကျေးရွာတွင် အိမ်ထောင်စု ၂၀ စု ၊ ကြာအင်းဆိပ်ကြီး မြို့တွင် အိမ်ထောင်စု ၆၀ စု ၊ ဘုရားသုံးဆူ မြို့နယ်ခွဲ ချောင်းဆုံကျေးရွာ တွင် အိမ်ထောင်စု ၅၈ စု ၊ ဘီးလင်းမြို့နယ် အတွင်း အိမ်ထောင်စု ၃၉၂ စု ၊ ရေးမြို့တွင် အိမ်ထောင်စု ၁၀၃ စု တို့အား သက်ဆိုင်ရာ ရေဘေး ကယ်ဆယ်ရေး စခန်း အသီးသီး သို့ ကူညီ ရွှေ့ပြောင်း ပေးခဲ့ပြီး နယ်မြေခံ ဆေးတပ်ဖွဲ့ များနှင့် ကျန်းမာရေး ၀န်ထမ်းများက ဆေး အကာအကွယ် ပေးရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment