Pages

Wednesday, July 31, 2013

သာသနာ့ဝန်တာ ကျေပွန်ကြသူများ


မကွေး ၊ ၃၁-၇-၂၀၁၃

နေရာ ဒေသအသီးသီး မှ ရောက်ရှိ လာတိုင်း ဦးနှိမ်မာန်ချ ဖူးမျှော်ခွင့် ရရှိနေသော မကွေးမြို့ မြသလွန် စေတီတော် မြတ်ကြီးတွင် မလိုလား အပ်သော သဘာဝ အန္တရာယ် ၊ သဘာဝ မဟုတ်သော အန္တရာယ် များအတွက် ကြိုတင် ကာကွယ်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခင်က ဧရာဝတီ မြစ်ကမ်းခြေရှိ စေတီတော်မြတ် ကြီး၏ ၀တ္ထုကံမြေ များကို မိုးရေ ၊ မြစ်ရေ တိုက်စားခြင်း မှ ကာကွယ်နိုင်ရန် မြေထိန်း နံရံ တည်ဆောက်ခြင်း အပါအ၀င် လမ်းတံတား တည်ဆောက် ပြုပြင်ခြင်း များ ၊ မီးဘေး ကာကွယ်ရေး စီမံချက် များကို ပုံမှန် ၀တ္တရား အဖြစ် ဆောက်ရွက်မြဲ ဆောင်ရွက် ခဲ့ကြသည်။

ဗုဒ္ဓ ဘာသာဝင် တို့၏ အလေးအမြတ် ထားရာ ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ် နောက်ပိုင်း စေတီတော် မြတ်ကြီး၏ သာသနိက အဆောက်အအုံ များနှင့် ရဟန်းရှင်လူ ဘုရားဖူး များ၏ ဘေးအန္တရာယ် လုံခြုံရေး အတွက် မြောင်းကြို မြောင်းကြား မကျန် မသင်္ကာဖွယ်ရာ အရာဝတ္ထု များ စစ်ဆေးခြင်း ၊ အတက်လမ်း စောင်းတန်း ၊ တန်ဆောင်း ၊ ရင်ပြင်တော် ၊ လှိုဏ်ဂူဘုရား ၊ ဌာပဏာတိုက် ၊ တိုးချဲ့ ရင်ပြင်အောက် ၊ ရာဟုထောင့် ၊ စနေထောင့် စောင်းတန်းဆင်း လမ်းများ အားလုံးကို လုံခြုံရေး များဖြင့် လှည့်လည် စောင့်ကြပ်ခြင်း ၊ CCTV ကင်မရာ များဖြင့် စောင့်ကြည့် စစ်ဆေးခြင်း များကို အထူး ဂရုပြု ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် လည်း နေ့စဉ် လုံခြုံရေး တာဝန်များ ချထားလျက် ရှိကြောင်း သိရှိ တွေ့မြင် ရပါသည်။ CCTV ကင်မရာဖြင့် မှတ်တမ်းတင် စောင့်ကြည့်ခြင်းကို ၂၀၁၂ ခုနှစ် ကတည်းက ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် CCTV ကင်မရာများ အသစ်လဲလှယ် တပ်ဆင်ခြင်း ၊ တိုးချဲ့ တပ်ဆင်ခြင်း များကို ဂေါပက အဖွဲ့မှ ဆောင်ရွက်လျက် ရှိသည်။


ဗုဒ္ဓ ဘာသာဝင်များ အနေဖြင့် မြသလွန် စေတီတော် မြတ်ကြီးအား စိတ်အေး ချမ်းသာစွာ ကြည်ညို သဒ္ဓါပွား နိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး ရှိ အာဏာပိုင် အဖွဲ့အစည်း များ ၊ ဂေါပက အဖွဲ့ဝင် များအနေဖြင့် ကျရာ အခန်းကဏ္ဍ မှ တာဝန် ထမ်းရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment