Pages

Sunday, July 28, 2013

သဘာဝ ရေထွက်သယံဇာတ ဖမ်းဆီးရရှိမှု နှစ်အလိုက် လျော့ကျမှုရှိလာ


ရန်ကုန် ၊ ၂၈-၇-၂၀၁၃

မြန်မာနိုင်ငံတွင် သဘာဝ ငါးဖမ်းလုပ်ငန်း များနှင့် ပုစွန်ထောင် ဖမ်းဆီးမှုများ၌ နှစ်အလိုက် ဖမ်းဆီး ရရှိမှု လျော့ကျ လာသည်မှာ နာဂစ်မုန်းတုန်း ပြီးသည့် နောက်ပိုင်း သိသာစွာ ထင်ရှား လာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြား ခဲ့သည်။

သဘာဝ သယံဇာတ ရေထွက်ကုန်များ လျော့ကျခြင်းသည် ဗဟိုစံပြ ငါးဈေး အတွင်း၌ ယခင်နှစ် များက ရေထချိန် ဇွန် ၊ ဇူလိုင်လ များတွင် ပုစွန် ဘော့ချိတ် အများဆုံး ထွက်ရာ ဒေသများ ဖြစ်သော မြန်မာနိုင်ငံ အောက်ပိုင်းရှိ ဘိုကလေးမြို့ နှင့် မော်လမြိုင်ကျွန်း မြို့များမှ ၀င်ရောက်ခဲ့မှု အများဆုံး ဖြစ်သော်လည်း ယခုနှစ် အတွင်း၌ ထိုဒေသများမှ ပုစွန် ၀င်ရောက်မှု နည်းပါးပြီး မရှိသလောက် ရှားပါး နေခြင်းကို ကြည့်ပါက သိနိုင်သည်။ ပြည်တွင်းတွင် သဘာဝ ဖမ်းဆီး ၊ မြုံးထောင်မှု လုပ်ငန်းများ လျော့ကျပါက မွေးမြူ သူများကို မှီခိုရခြင်း များရှိပြီး ဒေသတွင်း ပုစွန် မွေးမြူရေး လုပ်ငန်းများ၌ ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဗနားဘိ ပုစွန်များကို တင်သွင်း မွေးမြူကာ ဘော့ချိတ် နေရာတွင် ယင်းပုစွန် များကို ပြည်တွင်း စားသုံးမှု လိုအပ်ချက် အရ အစားထိုးပြီး မွေးမြူသည့် ကန်ပေါင်၌ပင် တစ်ပိဿာ ၇၀၀၀ ဈေး ပေးဝယ်ခြင်း ရှိနေကြောင်း သိရသည်။


ပြည်တွင်း ရေချိုပုစွန် မွေးမြူရေး တွင် အကောင်ကြီး များကိုသာ ကာလရှည် မွေးမြူ သောကြောင့် ပြည်တွင်း ရေချို ပုစွန်ဈေးကွက် ကို အိမ်နီးချင်း ထိုင်းနိုင်ငံ က ထိုးထောက် ၀င်ရောက် လာခြင်းကြောင့် ထိုပုစွန်ကျော့ မှာ မြန်မာပြည် တွင်းသို့ နေ့စဉ် အမြောက်အမြား ၀င်ရောက် လျက်ရှိကြောင်း ရန်ကုန်မြို့ စံပြ ငါးဈေးကြီး ရှိ ငါးလုပ်ငန်းရှင် များထံမှ သိရှိရသည်။

No comments:

Post a Comment