Pages

Sunday, July 28, 2013

ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကို မြောက်ကိုရီးယား၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပ


ပြုံယမ်း ၊ ၂၈-၇-၂၀၁၃

မြောက်ကိုရီးယား နိုင်ငံတွင် ကိုရီးယား စစ်ပွဲ ပြီးဆုံးခဲ့သည့် နှစ် ၆၀ ပြည့် စစ်ရေးပြ အခမ်းအနား အား မြို့တော် ပြုံယမ်းရှိ ကင်အီဆွန်း ရင်ပြင်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ခေါင်းဆောင်၍ ဇူလိုင်လ ၂၇ ရက်တွင် ကြီးကျယ် ခမ်းနားစါာ ကျင်းပခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြ ပါရှိသည်။

အဆိုပါ စစ်ရေးပြ အခမ်းနား တွင် တာဝေးပစ် ဒုံးကျည်များ ၊ ဒုံးသယ်ယာဉ် များအား ခင်းကျင်း ပြသခဲ့ကြောင်း ၊ တိုက်လေယာဉ် များနှင့် ရဟတ်ယာဉ် များလည်း ပျံသန်းခဲ့ပြီး ထောင်ပေါင်း များစွာသော တပ်ဖွဲ့ဝင် များက သံပြိုင် ကြွေးကြော် ချီတက် ခဲ့ကြကြောင်း သိရသည်။ ယင်း စစ်ရေးပြ အခမ်းအနား တွင် မြောက်ကိုရီးယား နိုင်ငံ၏ ပဲ့ထိန်းဒုံး အစီအစဉ်များ တိုးတက်မှု နှင့် အခြေအနေ ကို နိုင်ငံတကာ မှ စိတ်ဝင်စားစွာ စောင့်ကြာင့်လျက် ရှိကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သော စစ်ရေးပြ အခမ်းအနား ကို မြောက်ကိုရီးယား နိုင်ငံ တည်ထောင်သူ ကင်အီဆွန်း ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ ၁၅ ရက်က ကျင်းပခဲ့သည်။

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ပြီး ကိုရီးယား စစ်ပွဲ ပြီးဆုံး ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment