Pages

Friday, June 21, 2013

G 2000 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲရန် ကြန့်ကြာလျက်ရှိ



ရန်ကုန် ၊ ၂၁-၆-၂၀၁၃

မော်တော်ယာဉ် လိုင်းပေါင်းစုံ ၂၀၀ ကျော် ပြေးဆွဲနေသော ရန်ကုန်မြို့တွင် ယာဉ်လိုင်းသစ် တစ်ခုဖြစ်သော G 2000 ယာဉ်လိုင်းအား စတင် ပြေးဆွဲနိုင် စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်း ဂိတ်ရင်းကို တောင်ဒဂုံ မြို့နယ်ရှိ ယဉ်ကျေးမှု တက္ကသိုလ် အနီးတွင် ဖွင့်လှစ်ပြီး ထိုဂိတ်မှ နေ၍ စံပြဈေး ၊ ဘေလီ ၊ ကမ္ဘာအေး ၊ ရှစ်မိုင် ၊ စော်ဘွားကြီးကုန်း ၊ မီးခွက်ဈေး ၊ ဒဂုံ-ဧရာ အဝေးပြေး ၊ လှိုင်သာယာ YTU စသည်တို့ကို ဖြတ်ကာ ဆေးရုံ အနီးတွင် ဂိတ်ဆုံးမည် ဖြစ်ရာ စုစုပေါင်း ခရီး အကွာအဝေး မှာ ၁၉ မိုင်ခန့် ရှိသည်။

ယာဉ်စီးခ အဖြစ် တောင်ဒဂုံ ယဉ်ကျေးမှု တက္ကသိုလ် မှ ထန်းတပင် အဆုတ်ရောဂါကု ဆေးရုံအထိ ငွေကျပ် ၃၀၀ သတ်မှတ် ထားပြီး ငွေကျပ် ၅၀ တန် ခရီးစဉ် အပိုင်း များကိုလည်း ပိုင်းခြား သတ်မှတ် သွားမည် ဖြစ်သည်။ ယခု လက်ရှိတွင် အဆိုပါ ယာဉ်လိုင်းကို ကိုရီးယား နိုင်ငံလုပ် ဟွန်ဒိုင်း ဘတ်စ်ကား ၂၅ စီးခန့်ဖြင့် စတင် ပြေးဆွဲရန် စီစဉ်ထားသည်။

ထို ယာဉ်လိုင်းသစ် သည် မထသ လက်အောက်ခံ ယာဉ်လိုင်း မဟုတ်ဘဲ လက်ရှိ အခြားသော မော်တော်ယာဉ် လိုင်းများတွင် ပြေးဆွဲနေသော ကားပိုင်ရှင်များ စုစည်း တည်ထောင် ထားသော ကိုယ်ပိုင် ယာဉ်လိုင်း တစ်ခုဖြစ်ပြီး ခရီးမိုင် ရှည်သော ယာဉ်လိုင်း တစ်ခု ဖြစ်သော်လည်း ကားများ ပေါ်တွင် ၁၂၁ လီတာ ဂတ်စ်အိုး ၄ လုံးစီသာ တပ်ဆင် သုံးစွဲခွင့် ရကြမည် ဖြစ်သည်။

အဆိုပါ G 2000 ယာဉ်လိုင်းတွင် ပြေးဆွဲမည့် မော်တော်ယာဉ် တစ်စီး အတွက် စုစုပေါင်း ကုန်ကျစရိတ် မှာ ငွေကျပ် သိန်း ၂၉၀ နီးပါးခန့် ရှိပြီး အများစုမှာ ဘဏ်များနှင့် ချိတ်ဆက်ကာ မော်တော်ယာဉ် များကို အရစ်ကျစနစ် ဖြင့် ၀ယ်ယူ ထားကြသူများ ဖြစ်ကြကြောင်း နှင့် ၄င်းယာဉ်များကို ပြေးဆွဲနိုင်ရန် လိုက်လံ ဆောင်ရွက် နေသည်မှာ အချိန် ၄ လကျော် ကြာမြင့် သွားပြီ ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

No comments:

Post a Comment