Pages

Friday, June 7, 2013

နိုင်ငံတကာစစ်ရေးလေ့ကျင့်ခန်း Eager Lion 2013 တစ်စိတ်တစ်ပိုင်း အဖြစ် ဂျော်ဒန်တွင် ဒုံးခွင်းဒုံးစနစ် နှင့် F-16 တိုက်လေယာဉ် အုပ်တစ်အုပ် ဖြန့်ကျက်မည်

အမေရိကန်နိုင်ငံ၏ ပက်ထရီးရော့ ဒုံးခွင်းဒုံးစနစ်


၇-၆-၂၀၁၃

အမေရိကန် နိုင်ငံသည် ဂျော်ဒန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန် အတွက် ၄င်း၏ ပက်ထရီးရော့ ဒုံးခွင်းဒုံး စနစ်များနှင့် F-16 တိုက်လေယာဉ် များကို တပ်ဖြန့်ချထား ပေးမည် ဖြစ်ကြောင်း ဂျော်ဒန် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု ဇွန်လ ၅ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

အမေရိကန် နိုင်ငံသည် ဂျော်ဒန် - ဆီးရီးယား နယ်စပ်တွင် ဇွန်လ ၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ပြုလုပ်မည့် Eager Lion နိုင်ငံတကာ စစ်ရေး လေ့ကျင့်ခန်း ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ပက်ထရီးရော့ ဒုံးခွင်းဒုံး စနစ် တစ်ခု သို့မဟုတ် နှစ်ခု နှင့် F-16 တိုက်လေယာဉ် ၁၂ စင်းမှ ၂၄ စင်းအထိ ပါဝင်သော လေယာဉ်အုပ် တစ်အုပ် တပ်ဖြန့် ချထားသွားမည် ဖြစ်ကြောင်း ၊ ၄င်းတို့အနက် တစ်ချို့တစ်ဝက် သို့မဟုတ် အားလုံးအား စစ်ရေး လေ့ကျင့်ခန်း အပြီးတွင် ဂျော်ဒန်နိုင်ငံ ၌ ဆက်လက် ထားရှိမည် ဖြစ်ကြောင်း နှင့် မည်သည့် အချိန်အထိ ထားရှိမည်ကို ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင် ပါဝင်သည့် ဂျော်ဒန် စစ်ဘက် တာဝန်ရှိသူ ၂ ဦးက ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် တပ်ဖြန့်ထားမည့် F-16 တိုက်လေယာဉ်အုပ်



အမေရိကန် နိုင်ငံအနေဖြင့် ဂျော်ဒန်နိုင်ငံ၏ တောင်းဆိုချက် အရ စစ်ရေး လေ့ကျင့်ခန်း ပြီးဆုံးပါက ယင်းလက်နက် စနစ်များအား ဆက်လက် ထားရှိရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Steve Warren က ပြောကြား ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဂျော်ဒန် ပြန်ကြားရေး ၀န်ကြီး Mohammad Momani က အတည်ပြု ပြောကြားခဲ့ခြင်း မရှိသော်လည်း ၄င်း စစ်လက်နက် ပစ္စည်းများသည် ဂျော်ဒန် နိုင်ငံ၏ စစ်ဘက်နှင့် ကာကွယ်ရေး ဆိုင်ရာ စွမ်းရည် မြှင့်တင်ရေး အတွက် အရေးပါသော စစ်လက်နက် ပစ္စည်းများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment