Pages

Friday, June 7, 2013

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်အား နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် ပေးရန် ငြင်းဆိုခဲ့ခြင်း

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy

၇-၆-၂၀၁၃

ထိုင်းအစိုးရ အနေဖြင့် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy အား နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် ပြုသွားမည် မဟုတ်ကြောင်း ၊ ထိုသို့ လုပ်ဆောင် ရခြင်းမှာ ၄င်းအနေဖြင့် နိုင်ငံ အတွင်း၌ နိုင်ငံရေး ဆိုင်ရာ မဲဆွယ် စည်းရုံးမှုနျင့် ပတ်သက် ဆက်နွယ်သော ကိစ္စရပ်များ လုပ်ဆောင် လာမည်ကို စိုးရိမ် သောကြောင့် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Manasvi Srisodapol က ဇွန်လ ၆ ရက်နေ့ တွင် ပြောကြား ခဲ့သည်ဟု အေပီ သတင်းတစ်ပုဒ် အရ သိရသည်။

ပြင်သစ်နိုင်ငံ တွင် နေထိုင်လျက် ရှိသော ကမ္ဘောဒီးယား ဘဏ္ဍာရေး ၀န်ကြီးဟောင်း Sam Rainsy အား ကမ္ဘောဒီးယား နိုင်ငံ၏ ရွေးကောက်ပွဲ ပြီးဆုံးချိန်ထိ ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့် ပေးသွားမည် မဟုတ်ကြောင်း နှင့် မဟာမိတ် နိုင်ငံများ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများ အပေါ် ထိခိုက်မှု ရှိစေမည့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ရန် အတွက် ထိုင်းနိုင်ငံ အား အသုံးချခွင့် ပြုသွားမည် မဟုတ်ကြောင်း Manasvi Srisodapol က ပြောကြား ခဲ့သည်။


Sam Rainsy သည် ထိုင်းနိုင်ငံရှိ နိုင်ငံခြား သတင်းထောက်များ အသင်းရုံး၌ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်မည့် ၄င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား သို့ တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံသို့ လာရောက် ခဲ့သော်လည်း ၄င်းအား ဇွန်လ ၄ ရက်နေ့တွင် ဘန်ကောက်မြို့ ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်၌ ပြန်လည် နှင်ထုတ် ခဲ့ကြောင်း Manasvi Srisodapol က ပြောကြား ခဲ့သည်။ Sam Rainsy သည် နိုင်ငံရေး ဆိုင်ရာ သွေးထိုး လှုံ့ဆောင်မှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံရန် ကမ္ဘောဒီးယား တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့မှု ကို ရှောင်ရှားသည့် အနေဖြင့် ပြင်သစ်နိုင်ငံ တွင် နေထိုင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment