Pages

Thursday, June 27, 2013

၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ၂၇-၆-၂၀၁၃

ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် သီဟသူရ ထွန်းတင် ခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် မှ တက်ရောက် အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ရန်ကုန်တပ်နယ် နှင့် သန်လျင် တပ်နယ်ရှိ တပ်မတော် (ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များ ၊ တာဝန်ရှိသူများ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် မိသားစုများ တက်ရောက် ကြသည်။


ပြိုင်ပွဲများ ကျင်းပပြီးနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိသူ များအား တာဝန်ရှိ သူများက ဆုများ ပေးအပ် ချီးမြှင့် ကြပြီး ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ဆုရရှိသော ရေတပ် ပင်မပစ္စည်း ထိန်းတပ် အသင်းအား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး မှ တံခွန်စိုက်ဆု ပေးအပ် ချီးမြှင့်ပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment