Pages

Thursday, June 27, 2013

ထိုင်းအစိုးရအနေဖြင့် ဆန်ဈေးနှုန်း ဖြတ်တောက် လျှော့ချခဲ့မှုအား ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် ကတိပြုခဲ့ခြင်း

ထိုင်း ကူသန်း ရောင်းဝယ်ရေး ၀န်ကြီး Boonsong Teriyaphirom

၂၇-၆-၂၀၁၃

ထိုင်းအစိုးရသည် ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဖြတ်တောက် လျှော့ချရန် လွန်ခဲ့သည့် ရက်သတ္တပတ် က ဆုံးဖြတ်ခဲ့ရာ ၄င်း ဆုံးဖြတ်ချက် အပေါ် တောင်သူ လယ်သမား များက ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် ခဲ့သဖြင့် အစိုးရ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက် အား အဆောတလျင် ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ်သွားမည် ဟု ဇွန်လ ၂၅ ရက်နေ့တွင် ကတိပြု ပြောကြား ခဲ့ကြောင်း သိရသည်။

ဆန်တစ်တန် တန်ဖိုးအား အမေရိကန် ဒေါ်လာ ၅၀၀ မှ ၄၀၀ သို့ ဖြတ်တောက် လျှော့ချရန် ဆုံးဖြတ် ခဲ့သည့် အတွက် ထိုင်း တောင်သူ လယ်သမား များက အစိုးရရုံး အဆောက်အဦ အပြင်ဘက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြောင်းနှင့် ဖြူထိုင်းပါတီ ဦးဆောင်သော ထိုင်းအစိုးရ အနေဖြင့် ၄င်းကိစ္စနှင့် ပတ်သက်၍ ထပ်မံ သုံးသပ် စဉ်းစားမှု ပြုလုပ်သွားရန် ကတိပြု ခဲ့ကြောင်း ထိုင်း ကူသန်း ရောင်းဝယ်ရေး ၀န်ကြီး Boonsong Teriyaphirom က ပြောကြား ခဲ့သည်။


ထိုင်းတောင်သူ လယ်သမားများ က ဆန်တစ်တန် ၏ တန်ဖိုးအား ဒေါ်လာ ၅၀၀ နှုန်းဖြင့် မပြောင်းလဲဘဲ ထားရှိရန် အသနားခံစာ တင်သွင်း ခဲ့ကြောင်း ၊ ထိုင်းဝန်ကြီးချုပ် ယင်လပ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ထိုင်းနိုင်ငံ ဆန် နှင့် ပတ်သက်သည့် မူဝါဒရေးရာ ကော်မတီ အနေဖြင့် အဆိုပါ ဆန်ဈေးနှုန်း ဖြတ်တောက် လျှော့ချမှု နှင့် ပတ်သက်၍ ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ် သွားလိမ့်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဆန်တစ်တန် ပမဏ အတွက် စိုက်ပျိုးမှု ကုန်ကျစရိတ် မှာ အမေရိကန် ဒေါ်လာ ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ဆန္ဒပြသူ များက အစိုးရ အနေဖြင့် ဇွန်လ ၂၅ ရက်နေ့ မှစတင်၍ ရက်သတ္တပတ် အတွင်း ပြန်လည် သုံးသပ် ဆွေးနွေးမှု ပြုလုပ် ပေးရန် တောင်းဆိုခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment