Pages

Monday, June 17, 2013

အဖြူရောင်မျက်နှာဖုံး ၀တ်ဆင်ထားသော ဆန္ဒပြသူများအား ဖြူထိုင်းပါတီက သတိပေး ပြောကြားခဲ့ခြင်း


၁၇-၆-၂၀၁၃

ထိုင်းနိုင်ငံရှိ အဖြူရောင် မျက်နှာဖုံး ၀တ်ဆင်ထားသော ဆန္ဒပြသူများ အပါအ၀င် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ အနေဖြင့် လူထု စုရုံးမှုများမှ တစ်ဆင့် အကြမ်းဖက်မှုများ အဖြစ် အသွင် ပြောင်းလဲ ပေါ်ပေါက် လာအောင် လုပ်ဆောင် လာပါက တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြူထိုင်းပါတီ က သတိပေး ပြောကြား ခဲ့သည်ဟု ဇွန်လ ၁၆ ရက်နေ့ Bangkokpost သတင်း တစ်ပုဒ်အရ သိရသည်။

အဖြူရောင် မျက်နှာဖုံး ၀တ်ဆင် ထားသော ဆန္ဒပြသူများ နှင့် အစိုးရအား ထောက်ခံသော အနီရောင်ဝတ် များအကြား ဇွန်လ ၁၄ ရက်နေ့တွင် ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ဖြူထိုင်းပါတီ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ Anuson Iamsa-at က ထိုကဲ့သို့ သတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပဋိပက္ခ သည် အင်အား ၅၀ ရှိ အဖြူရောင် မျက်နှာဖုံး ၀တ်ဆင် ထားသော ဆန္ဒပြသူ များနှင့် အင်အား ၁၀၀ ခန့်ရှိ အနီရောင်ဝတ် များအကြား ဇွန်လ ၁၄ ရက်နေ့ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မြောင်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



အနီရောင်ဝတ် များသည် အဖြူရောင် မျက်နှာဖုံး ၀တ်ဆင် ထားသော ဆန္ဒပြသူများကို ရရာပစ္စည်း များဖြင့် ပစ်ပေါက်ခဲ့ပြီး အဖြူရောင် မျက်နှာဖုံးဝတ် များ ကိုင်ဆောင် ထားသည့် " သက်ဆင် အစိုးရအား ဖြုတ်ချ " ဟူသော လက်ကိုင် ပိုစတာများကို လွှင့်ပစ် ခဲ့ကြောင်း ၊ ထို့နောက် ထိုးကြိတ် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်း နှင့် နောက်ပိုင်းတွင် လူစုကွဲ သွားခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဖြစ်စဉ်များ ထပ်မံ ဖြစ်ပွားအောင် လုပ်ဆောင်သည့် မည်သူကိုမဆို အစိုးရက တရားဥပဒေ အရ အရေးယူ အပြစ်ပေး သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။


အဖြူရောင် မျက်နှာဖုံးဝတ် ဆန္ဒပြသူများ အနေဖြင့် လူထုစုရုံးမှု ကို ရပ်တန့်မည့် အလားအလာ မရှိကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြ သမားများ အနက်မှ ၁၀ ဦးခန့်သည် ဇွန်လ ၁၅ ရက်နေ့တွင် ချင်းမိုင် တက္ကသိုလ် ရှေ့၌ အင်အား ပြသသည့် အနေဖြင့် လူထုစုရုံးမှု ပြုလုပ် ခဲ့ကြောင်း နှင့် နောက်ပိုင်းတွင် လူစုကွဲ သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၄င်းအဖွဲ့ အနေဖြင့် ဖြူထိုင်းပါတီဝင်များ ကြီးစိုးရာ ချင်းမိုင်မြို့ တွင် အသေးစား လူထုစုရုံးမှု ပြုလုပ်သွားရန် ကတိပြု ခဲ့ကြောင်း သိရသည်။ အဖြူရောင် မျက်နှာဖုံး ၀တ်ဆင်ထားသော ဆန္ဒပြသူ များသည် ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီမှစ၍ နိုင်ငံတစ်ဝန်း ရှိ ပြည်နယ် ၁၀ ခုတွင် လူထု စုရုံးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment