Pages

Monday, June 17, 2013

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေး




ရန်ကုန် ၊ ၁၇-၆-၂၀၁၃

ကျန်းမာရေး ၀န်ကြီးဌာန ၊ ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ ဘရူဝါရီ လီမိတက် ကရုဏာ ရှေးရှု မြန်မာမှု အစီအစဉ်မှ ပံ့ပိုး ကူညီသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအား ခွဲစိတ် ကုသမှု အစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရန်ကုန် ဆေးရုံကြီးဝန်း အတွင်းရှိ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E Mr Robert Chua နှင့် စင်ကာပူ နိုင်ငံ Fraser & Neave Ltd မှ တာဝန်ရှိ သူများ ၊ ရန်ကုန် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ အေးသင် နှင့် တာဝန်ရှိ သူများ မြန်မာ ဘရူဝါရီ လီမိတက် မှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။


ရှေးဦးစွာ စင်ကာပူ သံအမတ်ကြီး H.E Mr. Robert Chua နှင့် တာဝန်ရှိ သူများက အသီးသီး အဖွင့် အမှာစကား ပြောကြားပြီးနောက် Operation Smile ( Singapore ) အဖွဲ့ခေါင်းဆောင် Dr. Vincent Yeo မှ Operation Smile Mission အကြောင်းများ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဧည့်သည်တော် များက နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးများ အား စစ်ဆေးနေမှု များကို လိုက်လံ ကြည့်ရှု ခဲ့ကြသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှု သည် မြန်မာ ဘရူဝါရီ လီမိတက် နှင့် Fraser & Neave Ltd တို့ ပူးပေါင်း၍ ဆောင်ရွက်ပေးမှု သည် တတိယ အကြိမ်မြောက် ဖြစ်ပြီး နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင် ကလေး ၁၈၀ ကျော် လာရောက် ကုသမှု ခံယူ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment