Pages

Monday, June 24, 2013

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း အစားထိုး တင်သွင်းမှု စီမံချက် ဆောင်ရွက်ပြီးစီးမှု ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ရောက်ရှိလာ



ရန်ကုန် ၊ ၂၄-၆-၂၀၁၃

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ က စတင်ခဲ့သည့် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာချက် တစ်ရပ် ထုတ်ပြန်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် ဇွန်လ အထိ ယာဉ်အို ယာဉ်ဟောင်း  အပ်နှံစီးရေမှာ ၈၄၈၅၆ စီးရှိခဲ့ပြီး ယာဉ်အို ယာဉ်ဟောင်း  များကို ဖျက်သိမ်းကာ အစားထိုး တင်သွင်းခြင်း စီမံချက် ၏ ဆောင်ရွက် ပြီးစီးမှုမှာ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်ဟု အဆိုပါ ကြေညာချက် တွင် ဖော်ပြ ထားသည်။ ယင်းသို့ ဆောင်ရွက် ခဲ့ရာတွင် ပထမအဆင့် အနေဖြင့် မှတ်ပုံတင် သက်တမ်း အနှစ် (၄၀)ကျော် ( စ ၊ ဆ ၊ ဇ ) အက္ခရာများ ကိုလည်းကောင်း ၊ ဒုတိယအဆင့် အနေဖြင့် အနှစ် (၃၀) ကျော် မှ အနှစ် (၄၀) ကျော် အတွင်းရှိ ( ဈ ၊ ည ) အက္ခရာ များကို လည်းကောင်း ၊ တတိယ အဆင့် အနေဖြင့် အနှစ် (၂၀) မှ အနှစ် (၃၀) ကျော် အတွင်းရှိ ( ဏ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ပ ၊ ဗ ၊ ဘ ၊ လ ) အက္ခရာ များကို လည်း ကောင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ စတုတ္ထ အဆင့်တွင် ( သ ) အက္ခရာ ကို လာမည့် ဇွန်လ ၂၅ ရက်တွင် လက်ခံ ပေးသွားမည် ဟု သိရသည်။

မော်တော်ယာဉ် များ လွတ်လပ်စွာ တင်သွင်း ရရှိခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စတင်ကာ ၂၀၁၃ ခုနှစ် ဧပြီလ ကုန်အထိ တင်သွင်း ထားသည့် မော်တော်ယာဉ် အစီးရေမှာ ၁၆၁၈၁၃ စီး ရှိသည်ဟု အကောက်ခွန် ဦးစီးဌာန က သတင်း ထုတ်ပြန်ထားပြီး ယင်းတွင် ယာဉ်အို ယာဉ်ဟောင်း များကို ဖျက်သိမ်း ကာ အစားထိုး တင်သွင်း ယာဉ် ၆၈၄၅၅ စီး ပါဝင်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရှိရသည်။

No comments:

Post a Comment