Pages

▼

Monday, June 24, 2013

မလေးရှား ကိစ္စရပ်တွင် သေဆုံးသူများ နှင့် ဒဏ်ရာရခဲ့သူများ အတွက် မလေးရှားနိုင်ငံ နာရေး ကူညီမှု အသင်းမှ အလှူငွေပေးအပ်


ရန်ကုန် ၊ ၂၄-၆-၂၀၁၃

မလေးရှား နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ သေဆုံး ခဲ့သူများ နှင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သူများအား ကရုဏာကြေး ပေးအပ်ပွဲ နှင့် လူသားချင်း စာနာသော စိတ်ထားဖြင့် လှူဒါန်း ခဲ့ကြသော အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကို မြောက်ဒဂုံ မြို့နယ် ၄၂ ရပ်ကွက် ၊ အမှတ် (၁၃/က) ဗိုလ်မှူး ဗထူးလမ်း တွင် ရှိသော သုခခန်းမ ( နာရေး ကူညီမှု အသင်း - ရန်ကုန် ) ၌ ယနေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား နှင့် ပတ်သက်၍ " ကျွန်တော်တို့ ကပုန်း ခုနစ်ရက် သားသမီး နာရေး ကူညီမှု အသင်းဟာ နိုင်ငံသား တွေအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက် ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ မြန်မာနိုင်ငံ က လုပ်ငန်းရှင် ကြီးများ ၊ အလှူရှင် ပြည်သူတွေက စေတနာထား ပေးပို့ လှူဒါန်း ထားတဲ့ အလှူရှင် ကတော့ -

  • ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မိသားစု အမေရိကန် ဒေါ်လာ (၅၀၀၀၀)
  • ဦးဇော်ဇော် မက်စ်မြန်မာ မိသားစု အမေရိကန် ဒေါ်လာ (၂၀၀၀၀)
  • အဆိုတော် စံလင်း က မြန်မာ ငွေကျပ် (၁၅၀၀၀၀)
  • ကလျာဏ မိတ္တ သမိုင်း လူငယ်များက ငွေကျပ် ( ၆၀၀၀၀)
  • Eleven Media Group က အမေရိကန် ဒေါ်လာ (၁၀၀၀)
  • မနီလာအောင် နှင့် သူငယ်ချင်းများ စင်ကာပူ နိုင်ငံက စင်ကာပူ ဒေါ်လာ (၅၀၀၀)
  • မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ကို ပြန်ဖို့ အခက်အခဲ ဖြစ်နေတဲ့ မြန်မာ နိုင်ငံသား များအတွက် လေယာဉ် လက်မှတ် အစောင် ၅၀၀ စာ အတွက် အမေရိကန် ဒေါ်လာ (၃၅၀၀၀)


ပေးပို့ လှူဒါန်း ခဲ့ကြပါတယ် ၊ ပေးပို့တဲ့ အလှူငွေ တွေကို ကျွန်တော်တို့ ကိုယ်ကျိုး အတ္တအတွက် လုံးဝ သုံးစွဲသွားင်္မာ မဟုတ်ပါဘူး ဆိုတဲ့ ကတိစကား တစ်ခွန်းကို လေးလေး နက်နက် ပြောချင် ပါတယ် .... " ဟု ကပုန် ခုနစ်ရက် သားသမီး နားရေး ကူညီမှု အသင်းမှ ဘဏ္ဍာရေးမှူး ကိုမျိုးလွင်ဦးက ပြောကြား ခဲ့သည်။

ယင်း အခမ်းအနား တွင် ပေးပို့တဲ့ အလှူငွေ တွေထဲက ယခု ကျင်းပတဲ့ အခမ်းအနား မှာ ဖြစ်ပြီးခဲ့တဲ့ မလေးရှား ပဋိပက္ခ ဖြစ်စဉ်မှာ သေဆုံး သွားတဲ့ မြန်မာနိုင်ငံသား (၇)ဦး ကို အလှူဒါန ပြုလုပ် အမျှပေး နိုင်ရန်အတွက် တစ်ဦးချင်း ကို ကျန်ရစ်သူ မိသားစု ကို မြန်မာငွေကျပ် (၂၃၇၀၅၀၀၀) တန်ဖိုးနဲ့ ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၂၅၀၀ နဲ့ မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိပြီ ဖြစ်တဲ့ ဒဏ်ရာ အပြင်းအထန် ရရှိသော မြန်မာနိုင်ငံသား (၆)ဦး ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၉ သိန်းနှင့် ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀ စီ ပေးအပ်ပြီး သာမန် ဒဏ်ရာ ရရှိခဲ့သူ မြန်မာနိုင်ငံသား (၄)ဦး ကိုလည်း တစ်ဦးလျှင် ငွေကျပ် (၉၅၀၀၀၀) ညီမျှတဲ့ ဒေါ်လာ ၁၀၀၀ စီ ပေးအပ် လှူဒါန်း သွားကြောင်း သိရှိရသည်။

No comments:

Post a Comment