Pages

Sunday, June 2, 2013

အာဇာနည်နေ့ တွင် အများပြည်သူများ လေ့လာနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ပြတိုင်အား ပြုပြင်မွမ်းမံလျက်ရှိ




ရန်ကုန် ၊ ၂-၆-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သည် အာဇာနည်နေ့ နီးကပ် လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ် ပြတိုက်လမ်း နှင့် စောမဟာ လမ်းထောင့်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် ပြုပြင် ထားရှိမှု အခြေအနေ အား ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် သည် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် အောက်ထပ်ရှိ ထမင်းစားခန်း ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဟန်ကျိုးမြို့ ပိုးထည် စက်ရုံတစ်ခုမှ ရက်လုပ်သော ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ရက်ကန်း ပန်းချီ ၊ ဧည့်ခန်း ၊ အပေါ်ထပ်ရှိ အထူး အစည်းအဝေး ခန်း ၊ ကလေးအိပ်ခန်း ၊ ဗိုလ်ချုပ် အိပ်ခန်း ၊ စာဖတ်ခန်း ၊ ဗိုလ်ချုပ် ကိုယ်တိုင် စိုက်ပျိုး ခဲ့သည့် စိုက်ခင်း နေရာ နှင့် အောင်ဆန်းလင်း ရေနစ် သေဆုံးခဲ့သည့် ရေကန်တို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးရာ ယဉ်ကျေးမှု ၀န်ကြီးဌာန အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် နှင့် တာဝန်ရှိ သူတို့က လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြသည်။


အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား တနင်္လာနေ့ နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ အပ ကျန်ရက် များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ် ထားရှိပြီး လူကြီး တစ်ဦးလျှင် ကျပ် ၃၀၀ ၊ သံဃာတော် သီလရှင် နှင့် ကလေးများ တို့အား တစ်ရာကျပ်နှုန်း ဖြင့် ၀င်ရောက် လေ့လာနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment