Pages

Sunday, June 9, 2013

မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလေးမပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ၊ ၉-၆-၂၀၁၃

မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်က ကြီးမှူး ကျင်းပမည့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလေးမ ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်နေ့ အထိ အောင်ဆန်း အားကစား ပြိုင်ဝင်း မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အလွတ်တန်း ( အမျိုးသား ၊ အမျိုးသမီး ) ပြိုင်ပွဲ နှင့် ဒေသဆိုင်ရာ အလေးမ လေ့ကျင့်ရေး စခန်း အသီးသီးရှိ အသက် ၁၇ နှစ်အောက် ( အမျိုးသား ၊ အမျိုးသမီး ) ပြိုင်ပွဲ များကို ကျင်းပမည် ဖြစ်သည်။

အလွတ်တန်း ပြိုင်ပွဲတွင် အမျိုးသား ကိုယ်အလေးချိန် အတန်း ၈ တန်း နှင့် အမျိုးသမီး ကိုယ်အလေးချိန် အတန်း ၇ တန်း ကိုလည်းကောင်း ၊ အသက် ၁၇ နှစ်အောက် အလေးမ ပြိုင်ပွဲတွင် ယောက်ျားလေး ပြိုင်ပွဲ၌ ၅၀ ကီလိုတန်း မှ ၉၄ ကီလိုတန်း အထိ အတန်း ၈ တန်း နှင့် မိန်းကလေး ပြိုင်ပွဲတွင် ၄၄ ကီလိုတန်း မှ ၆၉ ကီလိုတန်း အထိ အတန်း ၇ တန်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်သည်။


ပြိုင်ပွဲသို့ အသင်းလိုက် သော်လည်းကောင်း ၊ တစ်ဦးချင်း သော်လည်းကောင်း ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် အမည်စာရင်း ကို လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထား ကာ ဦးမြင့်ဆွေ ( အထွေထွေ အတွင်းရေးမှူး ၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ) အောင်ဆန်း အားကစား ပြိုင်ဝင်း ထံသို့ စာရင်း ပေးသွင်းနိုင်ပြီး အသေးစိတ် အချက်အလက် များ သိရှိလိုပါက ဖုန်း ၀၁- ၃၈၈၁၆၀ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment