Pages

Sunday, June 9, 2013

ဒေသခံဧည့်လမ်းညွှန်များ မွေးထုတ်ရန် စီစဉ်လျက်ရှိ


ရန်ကုန် ၊ ၉-၆-၂၀၁၃

နိုင်ငံတစ်ဝန်း၌ ဧည့်လမ်းညွှန် လိုအပ်ချက် များအရ ဒေသတွင်း ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်၍ ဒေသခံများကို ဧည့်လမ်းညွှန် လိုင်စင်များ ချထားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ သိရသည်။

လက်ရှိတွင် ဧည့်လမ်းညွှန် အရေအတွက် နှင့် ၀င်ရောက် လာသည့် ဧည့်သည် အရေအတွက် လုံလောက်မှု မရှိကြောင်း ဒေသ အသီးသီးက ဒေသခံ များကို ၄င်းတို့ ဒေသတွင်း ဧည့်လမ်းညွှန် အဖြစ် လုပ်ကိုင် နိုင်ရန် လုပ်ငန်း လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဧည့်သည် လမ်းညွှန် လိုင်စင် ရရှိရန် အတွက် ဒေသခံ များသည် ဒေသတွင်း ဧည့်လမ်းညွှန် သင်တန်း ကို ပြီးစီးအောင် တက်ရမည် ဖြစ်ပြီး ဧည့်လမ်းညွှန် မတက်ရောက်ဘဲ နှင့် ဒေသတွင်း ဧည့်လမ်းညွှန် အဖြစ် ဆောင်ရွက် ပါက ဥပဒေနှင့် ညီညွတ်မှု ရှိမည် မဟုတ်ကြောင်း သိရသည်။


ဒေသတွင်း ဧည့်လမ်းညွှန် ကို ပုဂံဒေသတွင်သာ ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ဧည့်လမ်းညွှန် လိုအပ်ချက် များကြောင့် ပထမဆုံး အကြိမ် ဒေသတွင်း ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် ပေးထားပြီး ယင်းတို့ ဒေသတွင်ပင် ဧည့်လမ်းညွှန် အဖြစ် လုပ်ကိုင်ခွင့် ပြုမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ အလုပ်အမှုဆောင် တစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ၌ လိုင်စင်ရ ဧည့်လမ်းညွှန် ၆၀၀၀ သာရှိပြီး ထက်ဝက်သာ ဧည့်သည် လမ်းညွှန် အဖြစ် လုပ်ကိုင် ဆောင်ရွက် နေကြကြောင်း သိရသည်။

No comments:

Post a Comment