Pages

Monday, May 27, 2013

ရန်ကုန်မြို့တွင် iPay သီးသန့်မော်တော်ယာဉ်လိုင်းများ ထွက်ပေါ်လာတော့မည်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

ရန်ကုန်မြို့ တွင် iPay ကတ်အသုံးပြု၍ ယာဉ်စီးခ ပေးစီးနိုင်သော iPay သီးသန့် မော်တော်ယာဉ် လိုင်းများ မကြာမီ စတင် ပြေးဆွဲ သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ iPay ကတ်များကို ယခု လက်ရှိတွင် အဓိပတိ ယာဉ်များ အထူးယာဉ် အချို့ နှင့် ( ပန်းဆိုးတန်း - ဒလ ) ကူးတို့ သင်္ဘော များပေါ်တွင် ယာဉ်စီးခ ပေးရန်အတွက် အသုံးပြု နိုင်ပြီး နောက်ထပ် ရွှေဧည့်သည် ၊ ရွှေရန်ကုန် ၊ မေတ္တာလှိုင်း ၊ ပါရမီ အစရှိသည့် မော်တော်ယာဉ် လိုင်းအချို့တို့ တွင်လည်း iPay ကတ်များ အသုံးပြုနိုင် စေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ထို့အပြင် မေတ္တာလှိုင်း မော်တော်ယာဉ် လိုင်းတွင်လည်း iPay သီးသန့် မော်တော်ယာဉ် လိုင်းတစ်ခု ကို မကြာမီ စတင် စမ်းသပ် ပြေးဆွဲ သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိ သူက ပြောကြား သည်။

iPay ကတ်များကို ၀ယ်ယူ အသုံးပြု လိုသူများသည် တစ်ကတ်လျှင် ငွေကျပ် ၃၀၀ ဖြင့် ၀ယ်ယူ ရရှိနိုင်ပြီး ငွေကျပ် ၇၀၀ မှ ငွေကျပ် ၅၀၀၀ အထိ ယာဉ်စီးခ အတွက် ကြိုတင် ငွေဖြည့်ကတ် အသုံးပြုနိုင် သည်။ ထိုကဲ့သို့ iPay ကတ်များ ၀ယ်ယူခြင်း ၊ ကြိုတင် ငွေဖြည့်ခြင်း တို့ကို သက်ဆိုင်ရာ မော်တော်ယာဉ် များပေါ်တွင် ပြုလုပ် နိုင်သကဲ့သို့ မြို့တွင်း၌ ဖွင့်လှစ် ထားသော iPay ရုံးခွဲ များနှင့် ကားမှတ်တိုင် အချို့တွင် ဆောက်လုပ် ထားသော iPay Booth ( iPay ကတ်ရောင်း ရုံငယ်လေး ) များတွင်လည်း ပြုလုပ် နိုင်သည်။


iPay ကတ်များသည် အသုံးပြုသူများ နည်းပါး နေသေးသည့် အတွက် လက်ရှိတွင် ကုမ္ပဏီ အနေဖြင့် ရုန်းကန် နေရဆဲ ဖြစ်သော်လည်း အသုံးများ တွင်ကျယ် လာသည်အထိ ဆက်လက် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment