Pages

▼

Monday, May 27, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်း အာရှဖလားခြေစစ်ပွဲအောင်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

၂၀၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(ဃ) ပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းက ပါလက်စတိုင်း နိုင်ငံတွင် ဆက်လက် ကျင်းပခဲ့ရာ မြန်မာ အမျိုးသမီး အသင်းက တရုတ်(တိုင်ပေ) အသင်းကို ဂိုးမရှိ သရေ ကစားပြီး ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်သည်။

မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် အုပ်စုပွဲစဉ် များအတွင်း အိန္ဒိယ အသင်းကို ၂ ဂိုး- ဂိုးမရှိ ၊ အိမ်ရှင် ပါလက်စတိုင်း အသင်းကို ၉ ဂိုး - ဂိုးမရှိ ၊ တရုတ် (တိုင်ပေ) အသင်းနှင့် သရေကျကာ နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် ခြေစစ်ပွဲ အောင်ပြီး အာရှဖလား ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်းမှာ တရုတ် (တိုင်ပေ) အသင်းနှင့် အမှတ်တူ ခဲ့သော်လည်း ဂိုးကွာခြားချက် အသာရ ခဲ့သောကြောင့် အုပ်စု ပထမ ရခဲ့ခြင်း ဖြစ်သည်။


အာရှဖလား ပြိုင်ပွဲများတွင် မြန်မာ အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် ယခုတစ်ကြိမ် နှင့် ဆိုပါက လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး အဆင့် ပြိုင်ပွဲကို အသစ် ၈ သင်းသာ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိပြီး ကမ္ဘာ့ အဆင့်ရှိ ဂျပန် ၊ သြစတြေးလျ ၊ တရုတ် နှင့် တောင်ကိုရီးယား အသင်းတို့က ခြေစစ်ပွဲ ၀င်စရာ မလိုဘဲ တိုက်ရိုက် ယှဉ်ပြိုင် ကစားခွင့် ရရှိထားသည်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံ ၌ လာမည့် ၂၀၁၄ ခုနှစ်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment