Pages

▼

Wednesday, May 22, 2013

ငမိုးရိပ် ရေသန့်စင်စက်ရုံမှ မကြာမီ သောက်သုံးရေ ငါလန် ၄၅ သန်း ထပ်မံ ဖြည့်တင်းပေးဝေမည်



ရန်ကုန် ၊ ၂၂-၅-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ ညောင်နှစ်ပင် စခန်း အနီးရှိ ရန်ကုန် မြို့တော် ရေပေးဝေရေး စီမံကိန်း ( ငမိုးရိပ် ) ရေသန့်စင် စက်ရုံမှ ဒုတိယအဆင့် စီမံကိန်း လုပ်ငန်းသည် ရာခိုင်နှုန်းပြည့် နီးပါး ပြီးစီး နေပြီဖြစ်၍ မကြာမီ ကာလ အတွင်း ဖွင့်လှစ်ကာ ရန်ကုန်မြို့တော် သို့ ကျန်းမာရေး နှင့် ညီညွတ်သော သန့်ရှင်း ကြည်လင် သည့် သောက်သုံးရေး ဂါလန် ၄၅ သန်း နေ့စဉ် ထပ်မံ ဖြန့်ဝေ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ အတွက် လိုအပ်သည့် သောက်သုံးရေ များကို ရေလှောင်ကန်ကြီး များဖြစ်သည့် ဂျိုးဖြူ ၊ ဖူးကြီး ၊ လှော်ကား ၊ ငမိုးရိပ် ရေသန့်စင် စက်ရုံ နှင့် အ၀ီစိ စက်ရေတွင်း များမှ ဖြန့်ဝေ ပေးလျက်ရှိရာ နေ့စဉ် ရေဂါလန် သန်း ၁၆၀ ပေးဝေလျက် ရှိပြီး ရန်ကုန်မြို့နေ ပြည်သူ ငါးသန်းကျော် ကို လုံလောက်စွာ ဖြန့်ဝေ ပေးနိုင်ခြင်း မရှိသေး သည့်အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းရေး ) က ရေအရင်းအမြစ် များ ရှာဖွေ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ် အမျတ်(၂) လမ်းရှိ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း လုပ်ငန်း အနေဖြင့် ၂ နှစ်နီးပါး ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည် ဖြစ်၍ စီမံကိန်း လုပ်ငန်း ပြီးစီးပါက အဓိက ရေလိုအပ်လျက် ရှိသော ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် များသို့ သောက်သုံးရေ ဖြန့်ဝေ ပေးနိုင်မည် ဖြစ်သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းရေး ) သည် မြို့တော်နေ ပြည်သူများအား နွေအတွက် ရေအခက် မကြုံရန် ထန်းတပင် မြို့နယ်ရှိ ကုက္ကိုဝ မြစ်ရေတင် စီမံကိန်း နှင့် မှော်ဘီမြို့နယ် ရှိ ကွေ့တန်းရှည် လှိုင်မြစ် ရေတင် စီမံကိန်း ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment