Pages

Wednesday, May 22, 2013

မြန်မာအမျိုးသမီး လှေလှော်အသင်း အကောင်းဆုံး ချန်ပီယံဆု ရရှိ

ရွှေ ၂ ခု ၊ ငွေ ၁ ခု နှင့် ကြေး ၂ ခု ရရှိခဲ့သော
မြန်မာလှေလှော်အသင်း

ရန်ကုန် ၊ ၂၂-၅-၂၀၁၃

စင်ကာပူနိုင်ငံ ၌ မေလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပခဲ့သော DBS Marina Regatta နဂါးလှေ ပြိုင်ပွဲ၏ မီတာ ၂၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် မြန်မာ လှေလှော် အသင်းက ကြေးတံဆိပ် ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် စတုတ္ထ ၊ မီတာ ၅၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် နှင့် မီတာ ၅၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး ရရှိကာ စုစုပေါင်း ရွှေ ၂ ခု ၊ ကြေး တစ်ခု တို့ဖြင့် အကောင်းဆုံး အမျိုးသမီး ချန်ပီယံ ဆုကို မြန်မာ အမျိုးသမီး လှေလှော် အသင်း နှင့် အကောင်းဆုံး အမျိုးသား ချန်ပီယံ ဆုကို အင်ဒိုနီးရှား လှေလှော် အသင်းက ရရှိခဲ့သည်။

ုထို့အတူ မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သော South East Asian Rowing Championship အပြည်ပြည် ဆိုင်ရာ လှေလှော် ပြိုင်ပွဲ LW2 ၂ ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ် နှင့် LW1 တစ်ယောက် ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment