Pages

▼

Tuesday, March 19, 2013

ရန်ကုန်မြို့တွင်း ထွက်ရှိအမှိုက်များ စွမ်းအင် ထုတ်လုပ်ရန် တင်ဒါ ခေါ်ယူမည်


ရန်ကုန် ၊ ၁၉-၃-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း ထွက်ရှိသော အမှိုက်များမှ စွမ်းအင် ထုတ်လုပ်ရန် တင်ဒါ ခေါ်ယူမည် ဖြစ်ကြောင်း နှင့် အမှိုက် မီးရှို့စက် ထောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အတွက် ဂျပန်နိုင်ငံ မှ IFE Engineering Coorporation က လာရောက် လျှောက်ထားလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

အမှိုက်မှ စွမ်းအင် ထုတ်လုပ်မည့် နည်းလမ်း ၃ မျိုးမှာ အမှိုက်မှ မီသိန်း ဓာတ်ငွေ့ ထုတ်လုပ်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ၊ အမှိုက်မှ Gas ထုတ်၍ CNG ထုတ်လုပ်ရန် နှင့် အမှိုက် မီးရှို့စက် ထောင်ပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် တို့ဖြစ်ကြောင်း သိရသည်။

လျှပ်စစ် ဓာတ်အား မှ ရရှိလာသော အကျိုးအမြတ် များကို စည်ပင် သာယာရေး ကော်မတီနှင့် မည်သို့ ခွဲဝေမည် ဆိုသော အချက်ကို မူတည်ပြီး ယင်းကို လက်ခံ စဉ်းစား ပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရှိရသည်။

No comments:

Post a Comment