Pages

▼

Tuesday, March 19, 2013

စွန့်ထုတ်ရည်ထွက် စက်ရုံများအား စစ်ဆေး၍ လိုင်စင်သိမ်းသည်အထိ ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၉-၃-၂၀၁၃

လာမည့် ဧပြီ လဆန်းမှ စ၍ ရန်ကုန် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ စက်ရုံအားလုံးကို စစ်ဆေး သွားမည် ဖြစ်ပြီး သတ်မှတ် စံနှုန်းနှင့် မကိုက်ညီသော စွန့်ထုတ်အရည် ထွက်နေသေးသည့် စက်ရုံများကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

စစ်ဆေး အရေးယူ ရာတွင် လုပ်ငန်း လိုင်စင် ပိတ်သည့် ပြစ်ဒဏ်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအတိုင်း တရားစွဲ အရေးယူ မှုများလည်း ပြုလုပ်သွားမည် ဟု သိရသည်။

စက်ရုံထွက် စွန့်ထုတ် အရည်များကို စစ်ဆေးရာတွင် အရှေ့တောင် အာရှ နိုင်ငံများ၌ အသုံးပြု နေသော စွန့်ပစ်ရည် သတ်မှတ် စံနှုန်း ASEAN Standard for Waste Water နှင့်အညီ စစ်ဆေး သွားမည် ဖြစ်ပြီး ကနဦး စက်ရုံများ ဆောက်လုပ် ရာတွင် မြို့တော် စည်ပင်မှ အကြံဥာဏ်များ အခမဲ့ ရယူနိုင် သကဲ့သို့ ပြင်ပ ပညာရှင် များနှင့် တိုင်ပင်ကာ ဆောက်လုပ်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment