Pages

Wednesday, February 13, 2013

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Thailand International Funiture Fair (TIFF) မြန်မာစီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်


ရန်ကုန် ၊ ၁၃-၂-၂၀၁၃

ထိုင်းနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဌာန ၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနမှ ကြီးမှူး ကျင်းပမည့် Thailand International Funiture Fair (TIFF) ကို ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ထိုင်းနိုင်ငံ၌ ကျင်းပ သွားမည် ဖြစ်သည်။ ၄င်းပြပွဲသို့ မြန်မာ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များ ပါဝင် ပြသနိုင်ရန် မြန်မာနိုင်ငံ တော်ဆိုင်ရာ ထိုင်းသံရုံမှ အကြောင်းကြား ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မြန်မာ နိုင်ငံမှ လုပ်ငန်းရှင် များအတွက် ပြခန်း ၆ ခန်းကို အခမဲ့ စီစဉ် ပေးမည် ဖြစ်ကြောင်း နှင့် ပြခန်း ၆ ခန်းတွင် ပါဝင် ပြသမည့် ကုမ္ပဏီများ စာရင်းကို ရန်ကုန်မြို့ ရှိ ထိုင်းနိုင်ငံ သံရုံး ၊ စီးပွားရေး ဌာနသို့ စောလျင်စွာ ပေးပို့ ရမည် ဖြစ်သည်။ သို့ဖြစ်၍ Thailand International Funiture Fair (TIFF) ပြပွဲသို့ ပြသမည့် ကုမ္ပဏီ အမည် ၊ ပုဂ္ဂိုလ်များ အမည် နှင့် ပြသမည့် ပစ္စည်း စာရင်းတို့ကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ချုပ်သို့ ပေးပို့ရန် အကြောင်းကြား ထားကြောင်း သိရှိရသည်။

No comments:

Post a Comment