Pages

Thursday, February 21, 2013

ဂျပန်သံရုံး၏ ထောက်ပံ့ကြေးငွေဖြင့် JICA အဖွဲ့က ဆောင်ရွက်သော ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲကျင်းပ



ရန်ကုန် ၊ ၂၁-၂-၂၀၁၃

ဂျပန်သံရုံး၏ ထောက်ပံ့ကြေး ငွေဖြင့် ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့က လူသားချင်း စာနာစိတ် ဖြင့် ဆောင်ရွက်သော မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ နှင့် ဆက်စပ်လျက် ရှိသည့် မုဆိုးကျွန်း ၊ တကူဂလုံ ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မုဆိုးကျွန်း ကျေးရွာ၌ ကျင်းပရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး တို့ တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်ပျက်ခဲ့မှု များကို လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်မြို့ ၊ သူနာပြု တက္ကသိုလ် ကြီးအား လည်းကောင်း ၊ မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ရေတွင်းကုန်း ကျေးရွာရှိ အစိုးရ မူလတန်းကျောင်း တစ်ကျောင်း အားလည်းကောင်း၊ ယခုအခါ တကူဂလုံ ကျေးရွာ ချင်းဆက် လမ်းအား လည်းကောင်း ဂျပန် - မြန်မာ ချစ်ကြည်ရေး ခိုင်မြဲ စေရေး အတွက် ရည်ရွယ်ကာ လှူဒါန်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခု ဖွင့်လှစ်သည့် လမ်းသည် တစ်ချိန်က မိုးရာသီတွင် လှေများဖြင့် ခက်ခဲစွာ ဒေသခံ ပြည်သူများ သွားလာ နေရသည်ကို ဂျပန် အပြည်ပြည် ဆိုင်ရာ JICA အဖွဲ့က လေ့လာ သိရှိရ၍ ၂၀၁၀ ခုနှစ် ၊ အသေးစား စီမံကိန်း များ ထောက်ပံ့ရေး အစီအစဉ် အရ ဂျပန် အစိုးရ နှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်ကာ တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment