Pages

▼

Thursday, February 21, 2013

တက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံ စားပွဲတင်တင်းနစ် (အမျိုးသား )ပြိုင်ပွဲ ကျင်းပ



ရန်ကုန် ၊ ၂၀-၂-၂၀၁၃

၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် အဆင့်မြင့် ဦးစီးဌာန (အောက် မြန်မာပြည်) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် အပန်းဖြေ ရိပ်သာ၌ ကျင်းပ ပြုလုပ်ရာ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ တာဝန်ရှိသူ များ ၊ တက္ကသိုလ် ၊ ကောလိပ် များမှ ပါမောက္ခ ချုပ်များ ၊ ဒုတိယ ပါမောက္ခ ချုပ်များ ၊ ကျောင်းအုပ်ကြီး များ ၊ ဆရာ - ဆရာမများ နှင့် ကျောင်းသား - ကျောင်းသူ များ ၊ ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစား သမားများ ကွင်းအတွင်း အသင်းလိုက် နေရာယူ ကြပြီးနောက် အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) ညွှန်ကြားရေးမှူး ချုပ် ကိုယ်စား ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲက အဖွင့် မိန့်ခွန်း ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစား သမားများက အားကစား သစ္စာ အဓိဌာန် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာ ကြသည်။ ယင်းနောက် ပထမနေ့ ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများက ပြိုင်ပွဲ အစီအစဉ် အတိုင်း ယှဉ်ပြိုင်ကြသည်။

အဆိုပါ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) တက္ကသိုလ် နှင့် ကောလိပ် ပေါင်းစုံ စားပွဲတင် တင်းနစ် (အမျိုးသား) ပြိုင်ပွဲတွင် တက္ကသိုလ် ၊ ကောလိပ် (၁၁)ခုမှ ပြိုင်ပွဲဝင် အသင်းများ ပါဝင် ယှဉ်ပြိုင် ကြပြီး ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment