Pages

Thursday, February 28, 2013

အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် အဖြစ် Chuck Hagel အား လွှတ်တော်က အတည်ပြု



၂၈-၂-၂၀၁၃

အမေရိကန် အထက်လွှတ်တော် သည် ကာကွယ်ရေး ၀န်ကြီးသစ် အဖြစ် အသက် ၆၆ နှစ် အရွယ်ရှိ ဗီယက်နမ် စစ်ပြန် Chuck Hagel အား ထောက်ခံမဲ့ ၅၈ မဲ ၊ ကန့်ကွက်မဲ့ ၄၁ မဲဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် မဲပေး အတည်ပြု ခန့်အပ် ခဲ့ကြောင်း နှင့် ၄င်းသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

Chuck Hagel သည် လက်ရှိ ကာကွယ်ရေး ၀န်ကြီး ဖြစ်သည့် လီယွန်ပန်နက်တာ ၏ နေရာတွင် ဆက်ခံ သွားမည် ဖြစ်သည်။ အစ္စရေး နှင့် အီရန် နိုင်ငံတို့ အပေါ် Chuck Hagel ၏ အမြင်သည် အများအမြင် နှင့် ကွဲလွဲလျက် ရှိသည့် အတွက် ရီပတ်ဘလစ်ကန် အမတ် အချို့က ၄င်းအား အမည်စာရင်း တင်သွင်းမှုကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြသည်။ Chuck Hagel သည် အမေရိကန် နိုင်ငံ၏ သြဇာအာဏာ နှင့် စစ်ရေး စွမ်းပကား တို့နှင့် ပတ်သက်၍ သမ္မတ အိုဘားမား ၏ သဘောထား အမြင်များ အတိုင်း ကျင့်သုံး ဆောင်ရွက် သွားမည်ဟု ယုံကြည်ရပြီး အာဖဂန် နစ္စတန် မှ အမေရိကန် တပ်ဖွဲ့ဝင်များ အမြန်ဆုံး ရုပ်သိမ်းနိုင်ရေး အိုဘားမား ၏ ကြိုးပမ်း ချက်ကို ထောက်ခံ သွားမည်ဟုလည်း ရှုမြင် ရသည်ဟု သိရသည်။

၎င်း တာဝန် ထမ်းဆောင်သည့် အချိန်သည် လွှတ်တော် နှင့် အစိုးရ အကြား အသုံးစရိတ် ဖြတ်တောက် လျော့ချမှု နှင့် ပတ်သက်၍ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေသည့် အချိန်အခါ ဖြစ်နေကြောင်း သိရသည်။ သို့ရာတွင် အစိုးရအဖွဲ့ နှင့် ကာကွယ်ရေး ၀န်ကြီး လီယွန်ပန်နက်တာ တို့က Chuck Hagel ၏ စွမ်းဆောင်ရည် အပေါ် ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။ အာဖဂန် စစ်ပွဲ အဆုံးသတ်ရေး ၊ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး ၊ လက်ရှိ ကာလ စိန်ခေါ်ချက်များ ရင်ဆိုင် ဖြေရှင်းရေး နှင့် ကမ္ဘာပေါ်တွင် တိုက်စွမ်းအား အမြင့်မားဆုံး တပ်မတော် အဖြစ် ထိန်းသိမ်း ထားရေး တို့နှင့် ပတ်သက်၍ Chuck Hagel ၏ အကြံပြုချက် များကို အလေးထား ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ကြောင်း အိုဘားမား က ကြေညာချက် တစ်စောင်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment