Pages

Sunday, February 24, 2013

အရပ်ရပ် လိုင်စင်များ လေလံတင် ရောင်းချပွဲကျင်းပ



မြစ်ကြီးနား ၊ ၂၄-၂-၂၀၁၃

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့ နှင့် တနိုင်း ၊ ရှင်ဖွေယန် မြို့နယ်ခွဲ စည်ပင် သာယာရေး အဖွဲ့များ၏ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင် စနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနား ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ၊ မြို့တော် ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ဦးအလေးပါး က အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး ပြည်နယ် စည်ပင် သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးအုန်းသွင် မှ လေလံ ဆိုင်ရာ လုပ်ငန်းစဉ် များနှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက် ၀ိုင်းမော် မြို့နယ် စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးဝင်းမြင့် ၊ တနိုင်း မြို့နယ်ခွဲ အမှုဆောင် အရာရှိ ဦးမြင့်သိန်း နှင့် ရှင်ဖွေယန် မြို့နယ်ခွဲ စည်ပင် သာယာရေး အဖွဲ့ မြို့နယ် တာဝန်ခံ ဦးသန်းကျော်ဦး တို့က သက်ဆိုင်ရာ မြို့နယ် အလိုက် လေလံတင် ရောင်းချမည့် အရပ်ရပ် ဆိုင်ရာ လိုင်စင် စည်းကမ်း များကို ရှင်းလင်း ပြောကြားကာ တက်ရောက် လာသည့် လေလံ အဖွဲ့ဝင် များက သတ်မှတ် လုပ်ထုံး လုပ်နည်း များနှင့်အညီ ဈေးပြိုင် စနစ်ဖြင့် လေလံဆွဲ ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment