Pages

Sunday, February 24, 2013

မြစ်ကြီးနား - နန်းကွေ့ ဘူတာကြား မီးရထား လမ်းကူးတံတား အဆင့်မြှင့်တင်



မြစ်ကြီးနား ၊ ၂၄-၂-၂၀၁၃

ကချင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ လျင်မြန် ချောမွေ့ စေရေး လုပ်ငန်းများကို အထူး အလေးထား၍ တာဝန်ရှိ သူများက တည်ဆောက် ပြုပြင် လျက်ရှိရာ မြစ်ကြီးနား နှင့် နန်းကွေ့ ဘူတာကြား မိုင်တိုင် ၇၁၉ / ၁၆ နှင့် ၇၁၉ / ၁၅ အတွင်းမှ တံတား အမှတ် (၇၂၃)ကို အဆင့်မြှင့် RC အမိုးပိတ် တံတား အဖြစ် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တံတားမှာ ယခင်က အုတ်ခုံ သံဘောင်တင် ဘေလီ တံတား ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မိုးရာသီ အတွင်း ရေတိုက်စား မှုကြောင့် ရထားတွဲများ တိမ်းချော်ကာ ကျွဲနွား တိရစ္ဆာန်များ သေကြေ ဆုံးရှုံးခြင်း များ ဖြစ်ပေါ်ခဲ့ကာ ပြည်နယ် ၀န်ကြီးချုပ် နှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး တို့၏ လမ်းညွှန်မှု ဖြင့် ယခုကဲ့သို့ အဆင့်မြှင့်တင် တံတား အဖြစ် တည်ဆောက် ခြင်း ဖြစ်သည်။

တံတား ရေထွက်ပေါက် အကျယ်မှာ ၂၀ပေ ရှိပြီး တံတား အမျိုးအစား မှာ RC သံကူ အားဖြည့် ဖောင်ဒေးရှင်း အမိုးပိတ် တံတား အဖြစ် လမ်းပိုင်း အဆင့် မြှင့်တင်ရေး လုပ်ငန်းမှ ငွေကျပ် ၄၀၂ သိန် အကုန်အကျ ခံကာ မြန်မာ့ မီးရထား တိုင်း(၁) မြို့ပြ အင်ဂျင်နီယာ ဌာနမှ အဆင့်ဆင့် ကြီးကြပ်ကာ ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင် က စံချိန် စံညွှန်း ပြည့်ဝစွာ ၂၀၁၃ ခုနှစ် မတ်လကုန် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment